စင်္ကာပူ Airlines ၏ နှစ်၇၀ပြည့် အထိမ်းအမှတ် အာရှ၊ ဥရောပ နှင့် အမေရိကန် ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် အထူးဈေးနှုန်းဖြင့်ရောင်းချပွဲနှင့် ခရီးသွားပြပွဲ ပြုလုပ်

စင်္ကာပူ Airlines ၏ နှစ်၇၀ပြည့် အထိမ်းအမှတ် အာရှ၊ ဥရောပ နှင့် အမေရိကန် ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် အထူးဈေးနှုန်းဖြင့်ရောင်းချပွဲနှင့် ခရီးသွားပြပွဲ ပြုလုပ်

ကောင်းမြတ်ကျော်  ရန်ကုန်။ မေ ၁၂

စင်္ကာပူ Airlines ၏ နှစ် ၇၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် စင်္ကာပူနိုင်ငံအပါအဝင် ခရီးသည် အများဆုံးသွားလာနေကြသော အာရှ၊ ဥရောပ နှင့် အမေရိကန်နိုင်ငံ ခရီးစဉ်များအတွက် အထူးဈေး နှုန်းဖြင့် လေယာဉ်လက်မှတ်အရောင်းပွဲတော်ကြီးကို ယနေ့ မြန်မာပလာဇာတွင် ဖွင့်ပွဲပြုလုပ်ခဲ့သည်။

ယခုခရီးသွားပြပွဲ နှင့် အထူးဈေးနှုန်းလက်မှတ်အရောင်းပွဲတွင် ခရီးသည်အများဆုံး သွားလာကြတဲ့ စင်္ကာပူ၊ ဘာလီ၊ ဂျပန်၊ နယူးဇီလန်၊ ဥရောပနှင့် အမေရိကား ခရီးစဉ်များအတွက်ပါဝင်ရောင်းချသွား ဖြစ်သလို စင်္ကာပူ Airlines မိတ်ဖက် ခရီးသွားအေးဂျင့် ကုမ္ပဏီ ၈ခုမှလည်း ဝင်ရောက်ပြသကာ လက်မှတ်များကို ရောင်းချပေးခဲ့ကြသည်။



အဆိုပါ ပြပွဲကို တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ သံအမတ်ကြီး မစ္စတာ ရော ဘတ်ချွား က “ စင်္ကာပူလေကြောင်းလိုင်းမှ မြန်မာခရီသွားများကို ခေါ်ဆောင်သွားမယ့် ခရီးစဉ်တွေ ဟာ စိတ်ကျေနပ် ဖွယ်ရာကောင်းပြီး သမိုင်း၊ ယဉ်ကျေးမှုနဲ့ ဖျော်ဖြေရေး တို့အတွက် စိတ်ဝင်စားစာရာ ကောင်းတဲ့ နေရာဒေသများဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံနဲ့ စင်္ကာပူနိုင်ငံ နှစ်နိုင်ငံ အကြား ပြည်ဝင်ခွင့် ကင်းလွတ်ခွင့် သဘောတူညီချက်ကို ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၆ခုနှစ်မှာ စတင်ခဲ့ပြီး နှစ်နိုင်ငံပြည်သူတွေဟာ ပြည်ဝင်ခွင့်မလို အပ်ဘဲ ရက်ပေါင်း ၃၀ကြာသွားရောက်လည် ပတ်နိုင်ပြီးဖြစ်တဲ့ အတွက် တခြားခရီးစဥင်္များမှ ခရီးတထောက်နားပြီး စင်္ကာပူနိုင်ငံသို့ အလည် သွားကြမယ့် မြန်မာခရီး သွားများအတွက်လည်း အဆင်ပြေပါ လိမ့်မယ်” ဟု ပြောဆိုခဲ့သည်။


ခရီးသွားပွဲတော်အတွင်း လာရောက်ဝယ်ယူသူများအနေနဲ့ စင်္ကာပူ Airlines ၏ လက်ဆောင်များ အပြင် စင်္ကာပူသို့ လည်ပတ်မည့် ခရီးသည်များအတွက် Singapore Explorere Pass ၊ စင်္ကာပူမှ တဆင့် အခြားဒေသများသို့ ခရီးသွားလာသူများအတွက် Changi Airport တွင် စင်္ကာပူဒေါ်လာ ၂၀ တန် Changi dollar Vocher ကို ရရှိနိုင်မည်ဖြစ်ကာ လက်မှတ်ဝယ်ယူသူတိုင်း လေယာဉ်လက်မှတ် များကို ကံစမ်းနိုင် မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

စင်္ကာပူ Airlines နှင့် Silk Air အနေဖြင့် ရန်ကုန်မှ စင်္ကာပူသို့ တစ်ပတ်လျှင် လေယာဉ်ခရီးစဉ်ပေါင်း အကြိမ် ၂၀ နှင့် မန္တလေးမှ စင်္ကာပူသို့ တစ်ပတ်လျှင် ၃ကြိမ် ပျံသန်းလျက်ရှိပြီး နိုင်ငံပေါင်း ၃၄ နိုင်ငံရှိ မြို့ပေါင်း ၉၅မြို့ကျော်သို့ လေယာဉ်ခရီးစဉ်များ ပြေးဆွဲလျက်ရှိကြောင်းလည်း သိရပါတယ်။

ဓာတ်ပုံ-ရွှေဇာမဏီ