သင့်အိတ်ကပ်ထဲမှာ ဓာတ်ပုံစတူဒီယိုအဖြစ် လိုက်ပါနေမယ့် Huawei P10 နှင့် P10 plus အသစ်ကို မြန်မာနိုင်ငံတွင် မေလ၁၀ရက်နေ့တွင် စတင်ရောင်းချမည်

သင့်အိတ်ကပ်ထဲမှာ ဓာတ်ပုံစတူဒီယိုအဖြစ် လိုက်ပါနေမယ့် Huawei P10 နှင့် P10 plus အသစ်ကို မြန်မာနိုင်ငံတွင် မေလ၁၀ရက်နေ့တွင် စတင်ရောင်းချမည်

Anna ရန်ကုန် မေလ ၅ရက်

Huawei Device Myanmarမှ ယနေ့ မေလ၅ရက်နေ့တွင် ရန်ကုန်မြို့ Novotel Hotelတွင် Huawei၏ စမတ်ဖုန်းအသစ် P10 နှင့် P10 plusကို စတင်မိတ်ဆက်လိုက်ဆက်သည်။ ထိုမိတ်ဆက်ပွဲကို Huawei၏ မိတ်ဖက်လုပ်ငန်းရှင်များ၊ မီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အနုပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

P10 နှင့် P10 plus၏ စတင်မိတ်ဆက်ပွဲကို ၂၀၁၇နှစ် ဖေဖော်ဝါရီလတွင် ဘာစီလိုနာ၌ မိတ်ဆက်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ ဓာတ်ပုံပညာရှင်များနှင့် နည်းပညာမီဒီယာများက ချီးကျူးဖော်ပြခဲ့သည့်အပြင် နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုပေါင်း၂၃ဆုကို သိမ်းပိုက်နိုင်ခဲ့သည့် စမတ်ဖုန်းလဲဖြစ်သည်။

Huawei P10 နှင့် P10 plus တို့သည် Leicaကင်မရာကို အရှေ့ဘက်တွင် တပ်ဆင်ထားပြီး အနောက်ဘက်အတွက်လည်း Leica Dualကင်မရာဖြင့် အားဖြည့်ထားပါသည်။

ကမ္ဘာ့နောက်ဆုံးပေါ်အဆင့်မြင့် ဓာတ်ပုံနည်းပညာကို အသုံးပြုထားပြီး စတူဒီယိုပုံထွက်အတိုင်း အလင်းအမှောင်ချိန်ပေးနိုင်မှုနှင့် 3Dမျက်နှာပြင် ရှာဖွေခြင်း နည်းပညာများ အပါအဝင် အခြားအဆင့်မြင့် ဖန်တီးထားမှုများ ပါဝင်သောကြောင့် Huawei P10 နှင့် P10 plus သည် မည့်သည့်နေရာဒေသတွင်မဆို လှပသည့် ဓာတ်ပုံများကို ထုတ်ပေးနိုင်တော့မည်ဖြစ်သည်သာမက ရိုက်ချက်တိုင်းက သင့်ကို ကာဗာမော်ဒယ်တစ်ဦးကဲ့သို့ဖြစ်လာစေမည်ဖြစ်ပြီး အလင်းရောင်ပေးမှုဆိုင်ရာ အထူးပြုချက်ကလည်း ပညာရှင်အဆင့်ဆန်နေမည်ဖြစ်သည်။

ထို Huawei P10 နှင့် P10 plus ၏ ကင်မရာစွမ်းရည်ကို လက်တွေ့ခံစားနိုင်ရန်အတွက် ရန်ကုန်မြို့တွင်ပြုလုပ်သော မိတ်ဆက်ပွဲတွင် Huawei Device Myanmarမှ Photo Booth စတူဒီယို အခန်း၅ခန်းပြင်ဆင်ထားပြီး ဧည့်သည်တော်များကို Huawei P10 နှင့် P10 plusနှင့် ကာဗာဓာတ်ပုံရိုက်ကူးနိုင်အောင် စီစဉ်ပေးထားသည်ပြီး ကာဗာမော်ဒယ်တစ်ဦးကဲ့သို့ ခံစားနိုင်မည်ဖြစ်သည်။

Huawei Technologies(Yangon)Co., Ltd၏ CEOဖြစ်သူ Mr. Zhang Li Manက Huawei P10 နှင့် P10 plusတို့ကို တီထွင်ခြင်းဖြင့် အလှဓာတ်ပုံရိုက်ကူးခြင်းကို လုံးဝပြောင်းလဲပစ်နိုင်တဲ့ စမတ်ဖုန်းဆိုတာကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ အောင်မြင်ခဲ့တဲ့ Huawei P9ကလည်း Leicaကင်မရာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက မွေးဖွားလာတာဖြစ်တယ်။

နောက်ဆုံးပေါ်ဖက်ရှင်ကျဆုံး ခေတ်အမီဆုံးအရောင်တွေနဲ့ ဆန်းသစ်လှပစတိုင်ကျတဲ့ ဒီဇိုင်းကို အားလုံးကြိုက်နှစ်သက်လိမ့်မည်လို့ ကျွန်တော်တို့ယုံကြည်ပါတယ် ဟုပြောခဲ့သည်။

Huawei P10 နှင့် P10 plusမှာ ကင်မရာပိုင်းသာမက နည်းပညာပိုင်းဆိုင်ရာမှာလဲ Super Charge နည်းပညာပါဝင်ခြင်း၊ CPU Kirin 960အသုံးပြုထားခြင်း၊ Android 7.0 versionများအပြင်၊ ဒီဇိုင်းပိုင်းတွင် Hyper Diamond-Cut အချောသတ်ပုံစံအပြင် အထူးမွမ်းမံထားသော sandblastနှင့် အလွန်ပြောင်လက်တောက်ပသည့် Gloss finishesတို့ကိုအသုံးပြုထုတ်လုပ်ထားသည်။

Huawei P10 နှင့် P10 plusကို မေလ ၁၀ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာပလာဇာနှင့် မန္တလေးမြို့ Skywalk Shopping Mallတို့တွင် နံနက်၉နာရီမှ စတင်ရောင်းချသွားမည်ဖြစ်ပြီး လာရောက်ဝယ်ယူသူတိုင်းကို ၂၄လက်မရောင်စုံတီဗီနှင့် Shooting Camera Box Setလက်ဆောင်များအပြင် အခြားထူးခြားသော လက်ဆောင်များကို ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် ပထမဆုံးလာရောက်ဝယ်ယူသူ ၃၀ဦးကို Huawei A1 Bandနှင့် Suprise Giftများ ထပ်မံပေးအပ်သွားမည်ဖြစ်သည်။ ဈေးနှုန်းမှာ Huawei P10 ကို ၇၉၉,၀၀၀ကျပ်နှင့် P10 plusကို ၉၉၉,၀၀၀ကျပ်ဖြစ်ကြောင်းသိရသည်။