မြန်မာနိုင်ငံရဲ့ တတိယမြောက် ဘောလုံး အကယ်ဒမီဖြစ်လာမယ့် မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီကို လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်

မြန်မာနိုင်ငံရဲ့ တတိယမြောက် ဘောလုံး အကယ်ဒမီဖြစ်လာမယ့် မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီကို လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စတင်ဖွင့်လှစ်မည်

ဖေဖော်ဝါရီ ၈၊ ရန်ကုန်  

မြန်မာအမျိုးသားဘောလုံးအကယ်ဒမီ  National Football Academy (Yangon) ကို မြန်မာဘောလုံးအကယ်ဒမီ (ရန်ကုန်) တည်ရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရုံးအနီး ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကျင်းပမည်ဖြစ်ရာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖာတီနို ကိုယ်တိုင်လာရောက် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

ဒီအကယ်ဒမီကိုတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စတင်အုတ်မြစ်ချခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ နှစ်သန်းကျော် ကုန်ကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
ကုန်ကျစရိတ်များအနက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဒေါ်လာ ငါးသိန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဒေါ်လာ နှစ်သိန်းရှစ်သောင်းကျော်၊ ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က မြက်ခင်းတု လေ့ကျင့်ရေး ကွင်းနှစ်ကွင်းအတွက် လှူဒါန်းငွေ ဒေါ်လာ တစ်သန်းခွဲ ၁၅၀၀၀၀၀.၀၀ နဲ့ အဆောက်အအုံအတွင်းပိုင်း ပြင်ဆင်မှုများအတွက် ဒေါ်လာ ငါးသိန်း ၅၀၀၀၀၀.၀၀ ထည့်ဝင်လှူဒါန်း တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ စုစုပေါင်း အကျယ်အဝန်း ၆.၅၅ ဧက ရှိသည်။ ဘောလုံးအကယ်ဒမီ အဆောက်အဦး ဘေးတွင် မြက်ခင်းတုကွင်း (၂) ကွင်းပါရှိသည်။

မြန်မာအမျိုးသားဘောလုံးအကယ်ဒမီကနေ အောင်သူ၊ သန်းပိုင်တို့လို မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် အားကိုးရမယ့် လူငယ်မျိုးဆက်သစ်တွေ စဉ်ဆက်မပြတ် ထွက်ပေါ်လာမှာ အသေချာပဲ ဖြစ်ပါတယ်။

(Ref: Myanmar Football Federation)