မြန်မာ ယူ၁၄ အသင်းနည်းပြသစ် ဘန်လာဘီ ၂၀၁၇တွင် အသင်းအား စတင်တာဝန်ယူကိုင်တွယ်မည်

မြန်မာ ယူ၁၄ အသင်းနည်းပြသစ် ဘန်လာဘီ ၂၀၁၇တွင် အသင်းအား စတင်တာဝန်ယူကိုင်တွယ်မည်

ကောင်းမြတ်ကျော် ရန်ကုန်။ ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)သည် ယူ-၁၄နည်းပြဟောင်း အဲရစ်ဝီလျံနှင့်လမ်းခွဲခဲ့ပြီးနောက် လစ်လပ်နေ သည့် နည်းပြနေရာအတွက် ခန့်အပ်ခဲ့သည့် နည်းပြသစ်ဘန်လာဘီသည် လာမည့်၂၀၁၇ ဇန်န၀ါရီလတွင် အသင်း အားစတင်တာဝန်ယူကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

နည်းပြသစ်အဖြစ်ခန့်အပ်တာဝန်ပေးခံခဲ့ရသည့် နည်းပြဘန်လာဘီသည် ကစာူးသမားဘ၀တွင် ပြင်သစ်လီဂူးထိပ် တန်းအသင်းများဖြစ်သည့် ပီအက်စ်ဂျီ၊ လန်းစ်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး အာရှတိုက်လူငယ်စီမံကိန်းအ ချို့တွင် အောင်မြင်မှုများရရှိခဲ့ဖူးသည့် နည်းပြတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများအနေဖြင့် နည်းပြသစ်ဘန်လာဘီအား တစ်နှစ်သက်တမ်းရှိစာချုပ်တစ် ရပ်အားချုပ်ဆိုခဲ့ပြီး မြန်မာ့လက်ရွေးစင်ယူ-၁၄အသင်းအပြင် ဘောလုံးအဖွဲ့ချုပ်၏ လူငယ်စီမံကိန်းများတွင်ပါ တာ ၀န်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ဘန်လာဘီသည် UEFA (A) လိုင်စင်နှင့် UEFA Youth Elite (A) လိုင်စင်ရ နည်းပြ တစ်ဦးဖြစ်ပြီး နည်းပြဘ၀ကို ၁၉၉၈ခုနှစ် က ဝင်ရောက်ခဲ့ပြီး ၁၉၉၈ မှ ၂၀၀၂ ခုနှစ်အထိ ဂျပန်ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ J-Village Fukushima တွင် လူငယ်စီမံကိန်း နည်းပြ၊ ၂၀၀၇ ခုနှစ် မှ ၂၀၁၁ အထိ UAE လက်ရွေးစင်အသင်း နည်းပြ၊ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အထိ Shenzhen FC လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နည်းပြဖြစ်သည်။ ထို့အပြင် အီရန်၊ တရုတ်၊ ဂျပန် သက်တမ်းအလိုက် လူငယ်အသင်းများနှင့် အမျိုးသမီးအသင်းများတွင်လည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသည်။

photo - MFF