AYA Bank Scouting Tour 2017ကို မတ်လ ၁၄ရက်နေ့တွင်စတင်ရွေးချယ်

AYA Bank Scouting Tour 2017ကို မတ်လ ၁၄ရက်နေ့တွင်စတင်ရွေးချယ်

ရွှေဇာမဏီ မတ် ၁၇ ရန်ကုန်

မြန်မာဘောလုံးအကယ်ဒမီများအတွက် ကစားသမားရွေးချယ်ရေး အစီအစဉ် AYA Bank Scouting Tour 2017 ကို မတ်လ ၁၄ရက်နေ့တွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားမှ မြို့ပေါင်း (၅၅)မြို့ကို ခရီးထွက်ခွာ၍ သတ်မှတ်ထားသော စံနှုန်းများအတိုင်း ရွေးချယ်သွားမည်ဖြစ်သည်။

ပဏာမကစားသမား စုစုပေါင်း ၂၀၀ခန့်ရွေးချယ်သွားမည်ဖြစ်ပြီး အဆိုပါ ကစားသမားများအနက် ကစားသမား ၈၅ဦးသည် ရန်ကုန်၊ မန္တလေး၊ ပုသိမ်မြို့များရှိ ဘောလုံးအကယ်ဒမီများတွင် တက်ရောက်သင်ကြားခွင့်ရမည်ဖြစ်သည်။ ကျောင်းပညာနဲ့ဘောလုံးပညာသင်ကြားလိုသူ အသက်(၁၁)နှစ်နဲ့(၁၂)နှစ်အောက် လူငယ်များကို ရွေးချယ်သွားမည်ဖြစ်ပြီး အကယ်ဒမီတက်ရောက်ခွင့် ရရှိမည့် ကစားသမားများကို ဘောလုံးပညာသာမက အတန်းပညာပါ မလစ်ဟင်းရစေရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဂရုစိုက်သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကစားသမားရွေးချယ်ရေး နည်းစနစ်များမှာ

-Juggling ဘောလုံးတော့ခြင်း

-Passing

(A) Passing and Receiving ပေးယူခြင်းနှင့် လက်ခံခြင်း

(B) Passing and Change Direction ဘောလုံးပေးယူခြင်း (လားရာပြောင်းလဲခြင်း)

(C ) Passing and Diagonal Pass ဘောလုံးထောင့်ဖြတ်ပေးခြင်း

-Dribbling (Slalom) ဘောလုံးဆွဲပြေးခြင်း

-Ball control on the air လေပေါ်တွင်ဘောလုံးဖမ်းယူ့ခြင်း

-Heading ခေါင်းတိုက်ခြင်း

-Running (10 meter) ၁၀ မီတာ အလွတ်ပြေးခြင်း (Agility and Running)

-Small Sided Game (၅)ယောက် ၊ (၅)ယောက် ခွဲကစားခြင်း ( 5 Vs 5 ) တို့ဖြစ်သည်။

အကယ်ဒမီကျောင်းများတွင် ဘောလုံးပညာနှင့် ကျောင်းပညာသင်ယူလိုသည့် မျိုးဆက်သစ် လူငယ် ကစားသမားများ၊ မိဘများအနေဖြင့် ဖော်ပြပါ မြို့နယ်များရှိ အားကစားနှင့်ကာယပညာရုံးများတွင်လည်းကောင်း၊ Hot Line - 09452030400 ကိုလည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) အနေဖြင့် လူငယ် ကစားသမား ပြုစုပျိုးထောင်ရေး စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ တတိယမြောက်ဘောလုံး အကယ်ဒမီ အဖြစ် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)ကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ခမ်းနားစွာဖွင့်လှစ်ခဲ့သည်။ ထို့ပြင် အမျိုးသားဘောလုံးအကယ်ဒမီ (ဧရာဝတီ)ကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဓာတ်ပုံ- MFF