ရွှေဇာမဏီဂျာနယ် မိသားစု၏ ဒုတိယအကြိမ်မြောက် စု​ပေါင်းဘုံကထိန်​ပွဲပြုလုပ်

ရွှေဇာမဏီဂျာနယ် မိသားစု၏ ဒုတိယအကြိမ်မြောက် စု​ပေါင်းဘုံကထိန်​ပွဲပြုလုပ်

ရန်ကုန်၊ ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၁၀ရက်

၂၀၁၆ခုနှစ် နိုဝင်ဘာလ ကထိန်ကာလတွင် ရွှေဇာမဏီဂျာနယ် မိသားစုများ စုပေါင်း၍ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ခင်းခဲ့သည်။

နိုဝင်ဘာလ ၁၀ရက်နေ့တွင် ရွှေဇာမဏီဂျာနယ် မိသားစုများသည် ကြည့်မြင်တိုင်မြို့နယ်၊ စလင်းကျောင်းတိုက် သီဟရာဇာကျောင်းနှင့် စမ်းချောင်းမြို့နယ်ရှိ ဗားကရာကျောင်း ရန်ကုန်သို့ ကိုယ်တိုင်သွားရောက်ကြ၍ သင်္ကန်းပရိက္ခရာနှင့်လှူဖွယ်ပစ္စည်းပဒေသာပင်များ ပို့ဆောင်လှူဒါန်းခဲ့သည်။

ဓာတ်ပုံ-ရွှေဇာမဏီဂျာနယ်