မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ်္စတာ ဟုန်လျန်အား မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများက နှုတ်ဆက်တဲ့ ညစာစားပွဲကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ်္စတာ ဟုန်လျန်အား မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများက နှုတ်ဆက်တဲ့ ညစာစားပွဲကျင်းပ

မြန်မာနိုင်ငံတွင် ၄နှစ်တာ တာဝန် ထမ်းဆောင် ပြီးလို့ ပြန်လည်ထွက်ခွာ တော့မယ့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာ ဟုန်လျန်ကို မြန်မာ နိုင်ငံဖွား တရုတ်လူမျိုးများက နှုတ်ဆက် တဲ့ ညစာစားပွဲအား မေလ ၂၁ ရက်နေ့ ညပိုင်းကရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းအခမ်းအနားမှာ  သံအမတ် ကြီးမစ္စတာဟုန်လျန်နှင့် ဇနီး၊ ပြည်တွင်း က မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများနှင့် တရုတ်ကုန်သည် လုပ်ငန်းရှင်တွေ တက် ရောက်နှုတ်ဆက်ခဲ့ကြပါတယ်။

သံအမတ်ကြီးမစ္စတာ ဟုန်လျန်က “မြန်မာပြည်ဖွား တရုတ်လူမျိုးတွေအနေနဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့နဲ့ မြန် မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ နှစ်နိုင်ငံ အကြားချစ်ကြည်ရေးအတွက် ဆောင်ရွက် နေကြသူတွေကို အသိအမှတ်ပြု ဂုဏ်ပြု ပါတယ်။ လက်ရှိ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေဟာ တိုးတက်ကောင်း မွန်နေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေကြားမှာ ပိုပြီးကောင်းမွန် တဲ့ အခြေအနေတွေ ရှိနေပြီဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မိမိအနေနဲ့လည်း  မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အားလုံးနဲ့ လက်တွဲဆောင်ရွက်ရင်း မြန်မာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ခွင့်ရ ခဲ့တဲ့အတွက် ဂုဏ်ယူမိပြီး မြန်မာနိုင်ငံကို အမြဲအမှတ်ရနေမှာဖြစ်ပြီး ရှေ့ဆက်ထမ်း ဆောင်ရမယ့် တာဝန်များ၊ လုပ်ငန်းခွင် များမှာ တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် တတ်စွမ်းသမျှ ဆက်လက်ဆောင် ရွက်သွားပါ့မယ်လို့  ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီး များအသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေက“သံအမတ်ကြီးအနေနဲ့ မြန်မာပြည်မှာ လာရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း မှာ မြန်မာနွယ်ဖွား တရုတ်လူမျိုးများရဲ့ လိုအပ်ချက်နဲ့ လူမှုရေး၊ စီးပွားရေးစတဲ့ အခန်းကဏ္ဍတွေမှာ အားပေးကူညီရုံ သာမက တရုတ်-မြန်မာချစ်ကြည်ရေးကို ပိုမိုတိုးတက်ပြီး တရုတ်မြန်မာ မဟာ ဗျုဟာမြောက်ချစ်ကြည်ရေးအထိ တိုးမြင့်ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် အထူး ပင်ဝမ်းမြောက်ဂုဏ်ယူကြောင်းနဲ့ ကျေးဇူး အထူး တင်ရှိပါတယ်။ ဒါ့အပြင် တရုတ်မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်ရေးနဲ့ ရင်းနှီးမှု ပိုမိုရရှိရေးအတွက် တရုတ်နှစ်သစ်ကူးပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့တဲ့အတွက်လည်း မြန်မာနိုင်ငံဖွားတရုတ်လူမျိုးများ အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပါတယ်။ အခုတာဝန်ပြီးမြောက်လို့ ပြန်သွားခဲ့ပေမယ့် အမှတ်ရစရာတွေများစွာနဲ့ ကျန်ရှိခဲ့မှာ ဖြစ်ပါ တယ်” လို့ ပြောကြားခဲ့ပါတယ်။

သံအမတ်ကြီး မစ္စတာဟုန်လျန် ဟာ ၂၀၁၅ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့သံ အမတ်ကြီးအဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့တာဖြစ်ပြီး၊ ဒီတာဝန်ကို မယူခင် က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ ရေးရာဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေး မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ် လို့လည်း သိရပါတယ်။