မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ်္စတာဟုန်လျန်နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ်္စတာဟုန်လျန်နှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲကျင်းပ

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ တော့မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် ဇနီးတို့ က  ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီး များအား တည်ခင်းဧည့်ခံသည့် နှုတ်ဆက် ညစာစားပွဲကို မေ ၁၆ ရက်နေ့ ညနေပိုင်း က နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပခဲ့ပါတယ်။

အဆိုပါ နှုတ်ဆက်ညစာစားပွဲသို့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းနှင့်ဇနီး၊ ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးအေးသာအောင်နှင့်ဇနီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးစိုးဝင်းနှင့်ဇနီး၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဖေမြင့်နှင့်ဇနီး၊   ပညာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့်ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး စတဲ့ပြည်ထောင်စုဝန် ကြီးများနဲ့ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ အစိုးရ၊ လွှတ်တော်နှင့် တရုတ်ကုမ္ပဏီ ကိုယ်စားလှယ် စုစုပေါင်း ၁၂၀ ကျော် တက်ရောက်ကြောင်းသိရှိရ ပါတယ်။

ဤအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးဝင်းက နှုတ်ခွန်းဆက် စကား ပြောကြားရာမှာ “တရုတ်သံအမတ်ကြီးရဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလ အတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ချစ်ကြည် ရင်းနှီးမှု သိသိသာသာတိုးမြှင့် နိုင်ခဲ့ပါ တယ်။ ဒါ့အပြင်နှစ်နိုင်ငံအကြား စီးပွား ရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ ပူးပေါင်းဆောင် ရွက်မှုများကိုဆောင်ရွက်ရာမှာ အဓွန့်ရှည် ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်း တစ် ခုကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက်ကျေးဇူးတင်ရှိပါတယ်။  သုံးနှစ် တာကာလအတွင်း၌  မြန်မာနိုင်ငံအစိုးရ ဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးသည် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးကို ထိန်းသိမ်း ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

သံအမတ်ကြီးမစ္စတာဟုန်လျန်က လည်း အခုလိုနှုတ်ဆက်ပွဲကို တက်ရောက် ပေးကြတဲ့အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော် များကို အထူးကျေးဇူးတင်ပြီး တာဝန်ပြီး ဆုံးလို့ ထွက်ခွာသွားရမှာဖြစ်လို့ ဝမ်းနည်း မိကြောင်း၊ လွန်ခဲ့တဲ့ ၄ နှစ်တာကာလကို ပြန်လည်အောက်မေ့ပြီး အမြဲအမှတ်ရနေ မှာဖြစ်ကြောင်း၊ လွန်ခဲ့တဲ့သုံးနှစ်ကျော်ကာလအတွင်း၌ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး တည်ငြိမ်စွာရှေ့ ဆက်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စနစ်တကျ အကောင်အထည်ဖော်မှု၊ ပြည် တွင်းပြုပြင်ပြောင်းလဲမှု တစ်နေ့တခြား နက်ရှိုင်းလာခြင်းနှင့် ပြည်ပတံခါးဖွင့်မှု အဆက်မပြတ်ကျယ်ပြန့်လာခြင်းတို့ကို မိမိ တို့ ကိုယ်တွေ့မြင်တွေ့ခဲ့ပါကြောင်း၊ ရှေ့ ဆက်သွားရမယ့်လမ်းသည် ပန်းခင်းလမ်း မဟုတ်မှန်း မိမိတို့သိကြောင်း၊ သို့သော် ဇွဲရှိသူကအောင်မြင်မှာ မုချဧကန်ဖြစ်သည့် အတွက် မြန်မာနိုင်ငံအောင်မြင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးကြောင်း ပြော ကြားခဲ့ပါတယ်။

သံအမတ်ကြီး မစ္စတာဟုန်လျန်က  “ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံချစ်ကြည်ရေး နဲ့ချစ်ခင်ရင်းနှီးမှုများကို အချိန်တိုင်းအမှတ် ရစရာတွေအဖြစ် ရှိနေမှာဖြစ်ပါတယ်။

ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရက် ပေါင်း ၁၃၀၀ ကျော်အတွင်းမှာ ကျွန်တော် တို့ လုပ်ဖော်ကိုင်ဖက်တွေဟာ တိုင်းနဲ့ ပြည်နယ် (၁၄)ခုကို နှံ့စပ်အောင် သွားလာ ခဲ့ရာမှာ လေယာဉ်ခရီးအကြိမ် (၄၀၀) ကျော်၊ ကားနဲ့လည်း ကီလိုမီတာပေါင်း ၂ သိန်းကျော်၊ ရုံးစာတွေဆိုလည်း ထောင် ကျော်ပေးပို့ ဆောင်ရွက်နိုင်ခဲ့ပြီး တရုတ် - မြန်မာဆက်ဆံရေးကို တစ်ဖက်တစ်လမ်း ကနေ ကူညီခွင့်ရတဲ့အတွက် ဝမ်းမြောက် မိပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံသည် “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့” အထိမ်းအမှတ်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပ ပြီး “ တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင် ကျောင်း”၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ”၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော” စသည့် ပြည်သူ့အကျိုးပြု စီမံကိန်းများကို အောင်မြင်စွာဖော်ဆောင် ခဲ့ကာ နှစ်နိုင်ငံပြည်သူများစိတ်နှလုံးချင်းဆက်နွယ်ရေးအတွက် အပြုသဘောဆောင် သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။