မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တရုတ်-မြန်မာ မီဒီယာများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တရုတ်-မြန်မာ မီဒီယာများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

မြန်မာနိုင်ငံမှာ တာဝန်ပြီးစီးပြီး တရုတ် နိုင်ငံကိုပြန်တော့မယ့် မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီးနဲ့ တရုတ်-မြန်မာမီဒီယာများတွေ့ ဆုံဆွေးနွေးပွဲအား မေလ ၂၂ရက်က ရန်ကုန်မြို့ရှိ သံအမတ်ကြီးအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

တရုတ်-မြန်မာ မီဒီယာလက်ဖက်ရည်ဝိုင်း တွေ့ဆုံဆွေးနွေးပွဲသို့တရုတ်-မြန်မာ မီဒီယာများ ဖြစ်ကြသည့် ဆင်ဟွာသတင်းဌာန (ရန်ကုန်ဗျူရို)၊ Yangon Bureau of China Radio Internatio-nal၊ Guangming Daily Yangon Bureau၊ Yunnan Media Group Myanmar officeနှင့် YunnanDaily၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ Forever Group၊ ဒီလှိုင်း၊ ကြေးမုံ၊ ရန်ကုန်တိုင်းမ်၊ မြန်မာတိုင်းမ်၊ Democracy Today၊ Myawaddy၊ The Voice၊ 7Day၊ Mizzima၊ ရွှေဇာမဏီ၊ The Northern Light စသည့် မီဒီယာများမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

သံအမတ်ကြီးမစ္စတာဟုန်လျန်က “ယခု အခါ မြန်မာနိုင်ငံ၌ဒီမိုကရေစီနှင့် ပြုပြင်ပြောင်း လဲရေးအတွက် အရေးကြီးသည့် အချိန်ကာလ ရောက်ရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့အတွေ့အကြုံ အရ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးအချက်မှာ ပြည်တွင်း၌နိုင်ငံရေး အခြေအနေကို တည်ငြိမ်မှု ရရှိရန်ဖြစ်ပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တရုတ်နိုင်ငံဘက်က တက်တက်ကြွ ကြွကူညီဆောင်ရွက်ပေးနေပါကြောင်း” ဆွေးနွေး ပွဲတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ် ကြီး မစ္စတာဟုန်လျန်က ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်(One Belt One Road) ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အောက်တွင် မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေးရရှိရေးကိစ္စ၊ မြန်မာနိုင်ငံ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိစ္စ၊ မြန်မာ နိုင်ငံစည်ပင်သာယာဝပြောရေး ကိစ္စအပေါ် နှစ် ဦးနှစ်ဘက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေ အနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်း ကြောင်းအတိုင်း ဆက်လက်တိုးတက်စေရန် ထောက်ခံအားပေးပါကြောင်း၊ နှစ်ဦးနှစ်ဘက်က ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (ခေတ်သစ် ပိုးလမ်းမကြီး)ကို ပူးပေါင်းဆောင်ရွက် ခြင်းအား ဖြင့် နှစ်နိုင်ငံမဟာဗျူဟာမြောက် ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး မိတ်ဘက်ဆက်ဆံရေးပို၍ခိုင်မာမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။