Deprecated: Methods with the same name as their class will not be constructors in a future version of PHP; plgSystemkSecure has a deprecated constructor in /home/goldenphoenix/public_html/plugins/system/ksecure/ksecure.php on line 12
တရုတ်-မြန်မာယဉ်ကျေးမှု ရက်သတ္တပတ် ပွဲတော်သို့ အစိုးရတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး နှင့် ယူနန်ပြည်နယ်မှ တာဝန်ယူရှိသူများ တက်ရောက် ဆင်နွှဲ

တရုတ်-မြန်မာယဉ်ကျေးမှု ရက်သတ္တပတ် ပွဲတော်သို့ အစိုးရတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး နှင့် ယူနန်ပြည်နယ်မှ တာဝန်ယူရှိသူများ တက်ရောက် ဆင်နွှဲ

တရုတ်-မြန်မာယဉ်ကျေးမှု ရက်သတ္တပတ် ပွဲတော်သို့ အစိုးရတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး နှင့် ယူနန်ပြည်နယ်မှ တာဝန်ယူရှိသူများ တက်ရောက် ဆင်နွှဲ

တရုတ်-မြန်မာယဉ်ကျေးမှု ရက်သတ္တပတ် ပွဲတော်ကို ကျင်းပလျက်ရှိရာ ဒီကနေ့မှာတော့ မြန်မာ နိုင်ငံ အစိုးရဖက်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီးနှင့် သံအမတ်များအပါအဝင် ယူနန်ပြည်နယ်မှ အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင် ရာ အဖွဲ့အစည်းမှ ခေါင်းဆောင်များ ပါဝင်တက်ရောက် ဆင်နွှဲခဲ့ပါတယ်။

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းမှုကို ပိုမိုဖော်ပြတဲ့ နှစ်နိုင်ငံ ယဉ်ကျေးမှု ရက် သတ္တပတ်အား ဇန်နဝါရီ ၁၆ ရက် မှ စတင်၍ ရန်ကုန် မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာမှာ ကျင်းပခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပါတယ်။

ပြပွဲတွင် နှစ်နိုင်ငံ ပညာရှင် တို့၏ အနုပညာ လက်ရာများ အား ကြည့်ရှုခံစား နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံ ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို ကိုယ် တိုင် ပါဝင် လုပ်ကိုင်ဆောင်ရွက်သွားနိုင်မှာဖြစ်ကာ မျက် မှောက်ခေတ်ကာလရှိ အောင်မြင်ထင်ရှားတဲ့ နှစ်နိုင်ငံ အနုပညာရှင် ၄၀ ကျော် ၏ ဓာတ်ပုံ ၊ လက်ရေး လက်သား နှင့် ပန်းချီလက်ရာများအပြင် ယူနန်တိုင်း ရင်းသား ပန်းထိုးခြင်း အနုပညာ ၊ တိုင်းလူမျိုး စက္ကူ ညှပ်ရိုးရာ အနုပညာ ၊ ယူနန်ပြည်နယ် တိုင်းရင်းသား တို့ရဲ့ ဂီတကို သစ်ရွက်မှုတ်၍ ဖန်တီးတဲ့ ရိုးရာ အနုပညာ ၊မြန်မာနိုင်ငံ အင်းလေးဒေသ၏ ကြာချည်မျှင်ရက်လုပ်မှု အနုပညာစတဲ့ နှစ်နိုင်ငံ ရိုးရာ ယဉ်ကျေးမှုနှင့် လက်မှုအတတ်ပညာတို့ကို ပညာရှင်များက ရှင်းလင်းပြသသွားမှာဖြစ်ပြီး ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

ပြပွဲတွင် ယူနန်ပြည်နယ်ရဲ့ အစားသောက်တွေနဲ့ ပတ်သက်ပြီး ပါဝင် ပြသတဲ့ Kunmming Cui Hu hotel ရဲ့ စီမံခန့်ခွဲရေး အရာရှိ Mr. Wang Ning က“ ဒီကနေ့အခမ်အနားကတော့ ယူနန်ပြည်နယ်မှာ ရှိတဲ့ လူမျိုးပေါင်း ၂၆မျိုးရဲ့ အစား အစာတွေ ဖြစ်ပါတယ်။ တချို့ဟာတွေက မြန်မာ နိုင်ငံမှာလည်းရှိတယ်။ ယူနန်ပြည်နယ် ယဉ်ကျေးမှု လက်ရာတွေ ဖြစ်ပါတယ်။ ပြပွဲမှာ ပါဝင်ဖြစ်တာတော့ မြန်မာနိုင်ငံဖက်က ဖိတ်ခေါ်လို့ပါ။ ကျွန်တော်တို့ အနေနဲ့ အခုလို ပြပွဲမှာ ယဉ်ကျေးမှု ဖလှယ်တဲ့ ပွဲမှာ ပါဝင်ပြသ တာကတော့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ အခုလို ယဉ်ကျေးမှုဖလှယ်တာနဲ့ ပတ်သက်ပြီး အစားအ သောက်နဲ့ ပါဝင်ဖလှယ်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူပြီး ချစ်ကြည်ရေးအတွက်များစွာ အထောက် အကူဖြစ်စေတယ်လို့ ယုံကြည်ပါတယ်”လို့ MFN ကို ပြောပါတယ်။

 

(缅甸《金凤凰》中文报官方网站:www.mmgpmedia.com)

အင်းလေးဒေသကနေ ကြာချည်မျှင်နဲ့ ယက်လုပ်တဲ့ အဝတ်အထည်တွေနဲ့ ကြာချည်မျှင်ထုတ်လုပ်ပုံကို လာရောက်ပြသတဲ့ Royal place မှ တာဝန်ခံ ကိုအောင်မြင်ကျော် က “ကျွန်တော်တို့ အနေနဲ့ ကတော့ အင်းလေးဒေ သမှာ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ ပဒုမ္မာကြာ ရိုးကနေပြီးတော့ ကြာပုံစံ ထုတ်ယူတဲ့ ပုံစံပေါ့။ ပြပွဲကို ပါဝင်ဖြစ်တာတော့ စီစဉ်တဲ့ သူနဲ့ မေလမှာတွေ့ခဲ့ပြီး သူတို့ ဖိတ်ခေါ်လို့ လာပြခြင်းဖြစ်ပါတယ်။ ပြသခွင့်ရတာ အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်တော်တို့ကို ဖိတ်ပေး တဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ယဉ် ကျေးမှုအမွေအနှစ်ကို ကိုယ်မှ မထိန်းသိမ်းရင် ဘယ်သူ မှ လာထိန်းသိမ်းမှာ မဟုတ်ဘူးဆိုတော့ လာရောက် လေ့လာကြည့်တဲ့ လူငယ်တွေလည်း ဒီလို အမျှင်နဲ့ ထုတ်လို့ရတာပဲ ဆိုတဲ့ အတွေးလေးတစ်ခုရသွားရင်၊ စက်မှုခေတ်မထွန်းကား ကတည်းက ဒီလို အထည်ကို ကိုယ်ဘာသာ ခြေတွေ လက်တွေနဲ့ ထုတ်လုပ်ပြီး ဝတ် ဆင်လို့ရတယ်ဆိုတဲ့ ပုံစံလေးတွေ့သွားတယ်၊ မြင် သွားတယ်ဆိတော့ အရမ်းကို ဂုဏ်ယူစရာတစ်ခုဖြစ်ပါ တယ်။ ရိုးရာကို ထိန်းသိမ်းရမယ်။ ဖော်ထုတ်ရမယ်ဆို တာမျိုး ဖော်ပြခွင့်ရလို့ အရမ်းကို ဝမ်းသာပါတယ်”လို့ ပြောပါတယ်။

အဆိုပါ ပြပွဲ နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ်တို့အား တရုတ် နိုင်ငံအစိုးရ ၊ တရုတ် နိုင်ငံ ယူနန်ပြည်နယ် အစိုးရ ၊ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနတို့ မှ ကြီးမှူး ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ပြပွဲ နှင့် ယဉ်ကျေးမှု ရက်သတ္တပတ်ကို ပြည်သူများ အခမဲ့ သွားရောက်ပါဝင် ဆင်နွှဲနိုင်တယ်လို့လည်း သိရပါတယ်။

(本报道为缅甸《金凤凰》中文报独家编译报道,未经本报许可,不得转载、摘编)