မြန်​မာ-တရုတ်​ ချစ်​ခင်​မှုကို အ​လေးထားပြီး အကျိုးအမြတ်​အတွက် မဟုတ်​တဲ့ တရုတ်​ယဉ်​​ကျေးမှုစင်တာ ရန်​ကုန်​မှာ ဖွင့်​လှစ်

မြန်​မာ-တရုတ်​ ချစ်​ခင်​မှုကို အ​လေးထားပြီး အကျိုးအမြတ်​အတွက် မဟုတ်​တဲ့ တရုတ်​ယဉ်​​ကျေးမှုစင်တာ ရန်​ကုန်​မှာ ဖွင့်​လှစ်

မြန်​မာ-တရုတ်​ နှစ်​နိုင်​ငံချစ်​ခင်​ရင်းနှီးမှုကို အ​လေးထားကာ အကျိုးအမြတ်​​အတွက်​ မဟုတ်​တဲ့ တရုတ်​ယဉ်​​ကျေးမှုစင်​တာကို ယ​နေ့မှာ ဖွင့်လှစ်​ခဲ့ပါတယ်​။

ဒီယဉ်​​ကျေးမှုစင်​တာက ရန်​ကုန်​တိုင်း​ဒေသကြီး၊ အမှတ်​ ၃၉၊ ဒုတိယထပ်​၊ မင်းရဲ​ကျော်​စွာလမ်း၊ အလုံမြို့နယ်​မှာ တည်ရှိ​ပါတယ်​။

တရုတ်​နိုင်​ငံ ယဉ်​​ကျေးမှုနဲ့ ခရီးသွားလာ​ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်​ကြီး H.E.Mr. Li Jinzao က “တရုတ်​ - မြန်​မာ နှစ်​နိုင်​ငံက ​ရေ​မြေ ချင်းစပ်​​နေတဲ့ ချစ်​ကြည်​​ရေး အိမ်​နီးချင်းနိုင်​ငံ​ကောင်း​တွေဖြစ်​တယ်​။ နှစ်​နိုင်​ငံပြည်​သူချင်းလည်း ​ဆွေမျိုး​ပေါက်​​ဖော်​​တွေဖြစ်​ကြပါတယ်​။ ကူးလူးဆက်​ဆံတဲ့ သမိုင်းမှတ်​တမ်းမှာလည်း ရှည်​ကြာပြီး အပြန်​အလှန်​ ချစ်​ခင်​​မေတ္တာ​စေတနာ ရှိကြပါတယ်​။ ရိုးရာယဉ်​​ကျေးမှုချင်းလည်း အလားတူပါတယ်​။ တရုတ်​ယဉ်​​ကျေးမှုစင်​တာကို တရုတ်​နိုင်​ငံဆိုင်​ရာ အကျိုးအမြတ်​ အတွက်​လုပ်​​ဆောင်​တာမဟုတ်​ဘဲ မြန်​မာ-တရုတ်​ နှစ်​နိုင်​ငံဆက်​ဆံ​ရေး တိုးမြင့်​လာတဲ့အတွက်​ နှစ်​ဦးနှစ်​ဖက်​ အပြန်​အလှန်​ အတုယူဖွယ်​ရာများလည်းဖြစ်​ပါတယ်​” လို့ ​ပြောကြားခဲ့ပါတယ်​။

တရုတ်​ယဉ်​​ကျေးမှုစင်​တာရဲ့ ဧရိယာအကျယ်​မှာ ၁၃၄၂ စတုရန်းမီတာရှိပြီး၊ တရုတ်ယဉ်ကျေးမှုဆိုင်ရာ ပန်းချီပြခန်း၊ စာကြည်တိုက်၊ Multimedia ပြခန်းတို့ပါဝင်တဲ့အပြင် အဆို၊အကဖျော်ဖြေပွဲ၊ ပြပွဲ၊ နှစ်နိုင်ငံမှ သုတေတီပညာရှင်တွေအချင်းချင်းဆွေးနွေးပွဲနဲ့ ရုပ်ရှင်ပြပွဲတွေကိုလည်း စီစဉ်ကျင်းပနိုင်တယ်လို့ သိရပါတယ်။

အဓိက မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေအတွက် တရုတ်ယဉ်ကျေးမှုတွေ၊ ဘာသာစကားတွေကို နှီးနှောဖလှယ်နိုင်ဖို့နဲ့ သင်ယူလေ့လာနိုင်ပြီး အရည်အသွေး ကောင်းမွန်တဲ့ ယဉ်ကျေးမှုလှုပ်ရှားတာတွေကို မကြာခဏဆိုသလို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

(缅甸《金凤凰》中文报官方网站:www.mmgpmedia.com)

မြန်မာနိုင်ငံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က “တရုတ်ပြည်သူ သမ္မတနိုင်ငံ အစိုးရနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးရတို့ကြားမှာ နှစ်နိုင်ငံ ရင်းနှီး ဆက်ဆံမှုကို တိုးမြှင့်ဖို့နဲ့ ပြည်သူတို့ကြား အပြန်အလှန် လေးစားယုံကြည်မှု ရှေ့ထားပြီး ယဉ်ကျေးမှုကဏ္ဍမှာ ချစ်ခင် ပူးပေါင်းတိုးချဲ့ဆောင်ရွက်ဖို့ နှစ်နိုင်ငံသဘော တူညီချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်တာတွေတိုးတက်ဖို့ သဘောတူစာချုပ်တွေ ကိုလည်း လက်မှတ်ရေးထိုးဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တာတွေက နှစ်နိုင်ငံကြား အများနဲ့ မတူအောင် ထူးခြားခဲ့တယ်ဆိုတာ ကျွန်တော်တို့ သက်သေတရပ်အနေနဲ့ ဖော်ကျူးပြသနေတယ်”လို့ ပြောပါတယ်။

ယခုမှစတင်ဖွင့်လှစ်ခဲ့တဲ့ ယဉ်ကျေးမှုစင်တာဟာ နှစ်နိုင်ငံ အပြန်အလှန်တည်ထောင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်က တရုတ်နိုင်ငံ ပေကျင်း မြို့မှာ နှစ်နိုင်ငံ အစိုးရက နှစ်ဦးနှစ်ဖက် သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ကုန်လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာ ဆိုင်းဘုတ်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့ တရုတ်ယဉ်ကျေးမှုစင်တာဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr. Li Jinzao၊ မြန်မာနိုင်ငံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံအမတ်ကြီး H.E.Mr.Hong Liang နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ တက်ရောက်ခဲ့ကြတာကို တရုတ်ရိုးရာ ခြင်္သေ့အက နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တိုင်းရင်းသား ဘိုင်လူမျိုး အကတို့နဲ့အတူ စီးကြိုမှုပြုကာ ယဉ်ကျေးမှုခန်းမ အသီး သီးကို ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

(本报道为缅甸《金凤凰》中文报独家编译报道,未经本报许可,不得转载、摘编)