Traffic Control Center ကနေ ထိန်းချုပ်သွားမယ့် မီးပွိုင့်တွေ CCTV ကင်မရာတွေ မေ ၁၅ ရက်နေ့ တွင် စတင်လည်ပတ်

Traffic Control Center ကနေ ထိန်းချုပ်သွားမယ့် မီးပွိုင့်တွေ CCTV ကင်မရာတွေ မေ ၁၅ ရက်နေ့ တွင် စတင်လည်ပတ်

 ကောင်းမြတ်ကျော်  ရန်ကုန်။ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံကွပ်ကဲမှုနဲ့ Traffic Control Center ကနေ ထိန်းချုပ်သွားမယ့် မီးပွိုင့် တွေ CCTV ကင်မရာတွေကို ယနေ့(၁၅.၅.၂၀၁၇) ရက်နေ့တွင် လုပ်ငန်းများ စတင်လည်ပတ်သွား ဖြစ် ကာ တပ်ဆင်ရန်ကျန်ရှိ ကင်မရာများကိုလည်း ဆက်လက် တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောဆို လိုက်ပါတယ်။

မေ ၁၅ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေး ၁၃ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)ဦးနေဘုန်းလတ်ရဲ့ ရန်ကုန်မြို့တွင်း တပ်ဆင် အသုံးပြုမယ့် မီးပွိုင့်များမှ CCTV များ၊ နောက်ဖေး လမ်းကြမ်းများနှင့် အခြားသောနေရာများမှ လုံခြုံရေးအတွက် တပ်ဆင်ထားသော CCTV များ၏ အရည်အသွေးအလုပ်လုပ်ပုံနဲ့ အချက်အလက် သိမ်းဆည်းထား သိုပုံစနစ်များကို မည်သို့ရှိသည် ကို မေးခွန်းမြန်းမှုကို ပြန်လည်ဖြေကြား ရာတွင် နယ်/လုံဝန်ကြီးက ထည့်သွင်းဖြေကြာခဲ့ခြင်း လည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင်း မြို့နယ်များတွင် တပ်ဆင်ရန် မီးပွိုင့်အရေအတွက် ၁၅၄ ပွိုင့် ၊ CCTV ၂၈၈ လုံးအ တွက် လုပ်ငန်းဆောင်ရွက်ခြင်းကို (၂၃ .၂. ၂၀၁၆) ခုနေ့တွင် စတင်ခဲ့ပြီး (၁၅. ၅. ၂၀၁၇)ရက်နေ့ တွင် လုပ်ငန်းပြီး စီးရန် လျာထားကာ ရင်းနှီးမြှပ်နှံမှု တန်ဖိုး ကျပ် ၁၈.၉၃ ဘီလီ ယံရှိကြောင်း၊ လက်ရှိတွင် CCTV ၂၈၈လုံး တပ်ဆင်ပြီးဖြစ်ပြီး မီးပွိုင့် ၁၄၀ ပွိုင့် တပ်ဆင်ပြီးဖြစ်ကာ ၁၄လုံးတပ်ဆင်ရန် ကျန်ရှိ သေးကြောင်း၊ အဆိုပါ မီးပွိုင့်များနှင့် CCTV များ၏ လုပ်ငန်းများမှာ ယနေ့(မေ ၁၅)တွင် စတင်လည် ပတ်နေပြီဖြစ်ကြောင်းလည်း နယ်/လုံ ဝန်ကြီးက ပြောဆို ခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက “ ကျွန်တော်တင်ပြချင်တာက လုံခြုံရေးဆိုတာ ကန့်သတ်ချက်ရှိပါတယ်။ လုံခြုံရေးမှာ တာဝန်ရှိသူတွေ ပဲသိသင့်တဲ့ အပိုင်းအလိုက် သိရတာဖြစ်ပါတယ်။ လျို့ဝှက်ရှိတယ်။ ထိပ်တန်းလျို့ဝှက်ရှိတယ်။ လုံခြုံ ရေးစီမံချက်တွေဆိုတာလည်း ရေးတဲ့သူမှာ စာအုပ်ကို အကန့်အသတ်နဲ့ ရိုက်ရတာဖြစ်ပါတယ်။ စာအုပ်အမှတ်စဉ်နဲ့ရိုက်ပြီး ဒီအစိုးရအဖွဲ့ပဲ လုပ်တာဆိုရင် စာအုပ်အမှတ် ၀၀၁ သည် ဝန်ကြီးချုပ်ဖြစ်ပါ တယ်။ ၀၀၂ သည် ကျွန်တော်ဖြစ်ပါတယ်။ အဲဒီအတိုင်း ကန့်သတ်တဲ့ အရေအတွက်အတိုင်း ရိုက်တာ ဖြစ်ပါတယ်။ လုံခြုံရေးစီမံချက်ထဲမှာသူအားလုံးကို ပေးစရာအကြောင်းမရှိပါဘူး။ တစ်ခါတစ်ရံမှာ ကျွန် တော်နဲ့ ဝန်ကြီး တို့ ၂ယောက်ပဲ သိရတဲ့ ကိစ္စရှိသလို၊ တစ်ခါတစ်ရံ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့နဲ့ ၄ ယောက်ပဲ သိရတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ တစ်ခါတစ်ရံ ရဲမှူးချုပ်တွေခေါ်ြ ပီးတော့မှ တိုင်ပတ်ပြီး ကျွန်တော်တို့ပဲ သိပြီး ရှင်းရတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဒါကြောင့် လုံခြုံရေးဆိုတာ အကန့်အသတ် နဲ့ ရှိပါတယ်။ ဒီ CCTV ဆိုတာလည်း တပ်ပြီး ပြီးရော မဟုတ်ဘဲနဲ့ တကယ်ကို ဒီနေရာ မှာလိုလား ၊ တကယ်အရည်အသွေးရှိလား၊ ဒီဟာသည် ကုန်ကျ လိုက် တာ နဲ့ ပြန်ပြီး အကျိုးအမြတ်ရသလားဆိုတာ ကို အမြဲတမ်းစဉ်း စားချင့်ချိန်ပြီး ဆောင်ရွက်လျက်ရှိပါတယ်” ဟု လွှတ်တော်အတွင်း မေးခွန်းအပေါ်ပြန် လည်ဖြေကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

Control Center ဖြင့် ထိန်းချုပ်မယ့် ဧရိယာများအဖြစ် မြောက်ဘက်တွက် ခရေပင်လမ်း၊ အရှေ့ဘက် တွင် သံသုသမာလမ်း၊ တောင်ဘက်တွင် ကမ်းနားလမ်း၊ အနောက်ဘက်တွက် ကမ်းနားလမ်း - ဘုရင့် နောင်လမ်းတို့ဖြစ်ပြီး ကျန်ရှိ မီးပွိုင့် ၁၄ပွိုင့်အား ဆက်လက် တပ်ဆင်လျက်ရှိကြောင်း၊ ယာဉ်မရပ်ရ နေ ရာ (၃၀)၊ မြို့ဝင်ထွက် e-Check Point နေရာ ၂၀ ၊ အခြားလုံခြုံရေးစောင့်ကြည့်ကင်မရာ ၄၀၊ VMS ယာဉ်ကြောကြပ်မှုစောင့်ကြည့်နေရာ ၃၀ တွင် ကင်မရာ ၆၀လုံး တပ်ဆင်သွားရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့အပြင် ယာဉ်မရပ်ရနေရာတွင် ၂၂လုံး၊ e-Check Point နေရာ ၂၀ လုံး၊ လုံခြုံရေးစောင့် ကြည့် ကင်မရာ ၂၄လုံး၊ VMS ယာဉ်ကြောကြပ် မှုစောင့်ကြည့်နေရာ ၁၈လုံးတပ်ဆင်ပြီးစီး၍ လုပ်ငန်း များလည် ပတ်လျက်ရှိပြီး ကျန်ရှိ တပ်ဆင်ရန် ကမင်မရာများ ဆက်လက် တပ်ဆင်လျက်ရှိကာ အဆိုပါ CCTV များအား CRCC နှင့် မြန်မာ့ရွှေရင်းကုမ္ပဏီတို့မှ တာဝန်ယူ တပ်ဆင်လျက်ရှိကြောင်းလည်း နယ် လုံဝန်ကြီးက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ကျောက်တံတားမြို့နယ်အတွင်း နောက်ဖေး လမ်းကြားနှင့် အခြား နေရာများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ထားရှိမှုအနေနဲ့လည်း ရင်းနှီး မြှပ်နှံမှုတန်ဖိုး ကျပ် ၅၆၈၄၆၃၇၅ တန်ဖိုးရှိ CCTV ၃၂၄လုံးကို ၂၀၁၇ခုနှစ် မတ် ၃၁ ရက်နေ့ လုပ်ငန်း ပြီးစီးတပ်ဆင်ပြီးဖြစ်ပြီး မြို့မရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးများ၊ ဓမ္မရုံများတွင် Control Room များထား ရှိစောင့်ကြည့်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှု ခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် Community Based Poin cing စီမံချက်ကို မြို့နယ် ၂၀တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍လည်း မြို့နယ် ၂၅မြို့ နယ်အား အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၅၀၀ ဖြင့် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး၊ Control Room များအား သက်ဆိုင်ရာ ရဲစခန်းများတွင် ထားရှိ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး တပ် ဆင်မည့် ကုမ္ပဏီနှင့် ညှိနှိုင်းဆောင် ရွက်ထားရှိပြီးဖြစ်ကာ မေလကုန်တွင် အပြီး တပ်ဆင်နိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်းလည်း လွှတ်တော်အတွင်း နယ်/လုံ ဝန်ကြီးက ဖြေကြားခဲ့သည်။