မြန်မာကလေးငယ်များ၏ ပညာရေးကို တစိတ်တပိုင်း ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည့် COLGATE-PALMOLIVE ၏ ဆုပေါင်း ၁၆၅ ဆုပါဝင်သော ပညာသင်ဆု အစီအစဉ်

မြန်မာကလေးငယ်များ၏ ပညာရေးကို တစိတ်တပိုင်း ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည့် COLGATE-PALMOLIVE ၏ ဆုပေါင်း ၁၆၅ ဆုပါဝင်သော ပညာသင်ဆု အစီအစဉ်

ရန်ကုန် ဧပြီ ၂၈ ၂၀၁၇

ပြီးခဲ့သောနှစ်က ပြည်သူလူထု၏ တခဲနက် အားပေးထောက်ခံမှု ရရှိခဲ့သော Colgate ပညာသင်ဆုအစီအစဉ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် အခြေခံ၍ Colgate – Palmolive မှ ပိုမိုကောင်းမွန်သော ပညာရေးနည်းလမ်းများဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်များအား ၎င်းတို့၏ စိတ်ကူးအိပ်မက် များ၊ ရည်မှန်းချက် ပန်းတိုင်များကို ဆွတ်ခူးရရှိနိုင်ရန် ကူညီပံ့ပိုး ပေးလိုသည့် ရည်ရွယ်ချက် ဖြင့် ပညာသင်ဆု အရေအတွက်ကို ၁၆၅ ဆုအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။ ပညာသင်ဆု ဆွတ်ခူးရရှိသော ကလေးငယ်များ၏ ဘ၀ကို ပိုမို ကောင်းမွန်စွာ အထောက်အကူပြုနိုင်ရန် Colgate မှ ပညာသင်ဆု တန်ဖိုးကို နောက်ထပ် ၅၀%ခန့် တန်ဖိုး တိုးမြှင့်လိုက်ပြီဖြစ်ပြီး ငွေကျပ် သန်းပေါင်း ၈၀ကျော် တန်ဖိုးရှိသည့် ပညာသင်ဆုများ ပါဝင်သော ဤပညာသင်ဆု အစီအစဉ်ကို ၂၀၁၇ ခုနှစ် မေလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက် အထိ ကျင်းပသွားမည် ဖြစ်ပါသည်။

ပညာသင်ဆု ၁၆၅ဆု အနက် ကျပ်သိန်း ၆၀ တန်ဖိုးရှိ ပထမဆု ၃ ဆု၊  ကျပ်သိန်း ၃၀ တန်ဖိုးရှိ ဒုတိယဆု ၅ ဆု နှင့် ကျပ် ၃ သိန်းတန်ဖိုးရှိ တတိယဆု ၁၅၇ ဆု စသည့် ဆုအမျိုးအစား ၃ မျိုး၊ ဆုပေါင်း ၁၆၅ဆု ကို  မိဘများဆွတ်ခူးကံစမ်းရန် အခွင့်အရေးရှိသည်။

ဤစိတ်လှုပ်ရှားဖွယ်ရာ ကလေးငယ်များအတွက် ပညာသင်ဆု အခွင့်အရေးကို မည်သူမဆို Colgate Double Cool Stripe ၁၆၀ ဂရမ် (သို့) ၈၀ ဂရမ် ပရိုမိုးရှင်းတံဆိပ်ပါ သွားတိုက်ဆေးဘူး ကိုဝယ်ယူ၍သော်လည်းကောင်း၊ Colgate Super Strong ၁၆၅ ဂရမ်(သို့) ၇၀ ဂရမ် ပရိုမိုးရှင်းတံဆိပ်ပါ သွားတိုက်ဆေးဘူးကို ၀ယ်ယူ၍သော်လည်းကောင်း ပါဝင်ကံစမ်းနိုင်သည်။
ဝယ်ယူပြီးသူများသည် သွားတိုက်ဆေးဘူးခွံ အတွင်းတွင် ဂဏန်း ၉လုံးပါ ကုဒ်နံပါတ်တစ်ခု (သို့မဟုတ်) “ကျေးဇူးတင်ပါသည်“ ဟူသော စာတန်းကို တွေ့ရှိမည်ဖြစ်သည်။ ဂဏန်း ၉လုံးပါ ကုဒ်နံပါတ်ကို တွေ့ရှိခဲ့ပါက ဖုန်းနံပါတ် ၀၉၉-၆၉၆၉၆-၃၀၀ ထံသို့ SMS မက်ဆေ့ခ်ျ ပေးပို့ရမည်ဖြစ်သည် ။

Colgate အင်ဒိုချိုင်းနား ၏ အထွေထွေမန်နေဂျာ၊ Mr Kunal Chadha က “ မနှစ်က ဒီပညာသင်ဆု အစီအစဉ် အောင်မြင်မှုရရှိခဲ့တာကို ကြည့်ပြီး နောက်ထပ်တစ်ခါ စီစဉ်ကျင်းပ ခွင့်ရတာ ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ မြန်မာ ကလေးငယ်တွေကို သူတို့လေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ စိတ်ကူးအိပ်မက် လေးတွေကို ကျွန်တော်တို့က မနှစ်ကထက် ပိုပြီးကူညီ ထောက်ပံ့ပေးချင်ပါတယ်။ Colgate ဟာ မြန်မာနိုင်ငံမှာ ပညာရေး ဆိုင်ရာ အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်အောင် တတ်နိုင်သမျှ ပံ့ပိုးပေးရန် စိတ်အား ထက်သန်ပြီး ကလေးတွေ အကောင်းဆုံး ပညာရေးအခွင့်အရေးများ ရရှိအောင် မိဘများကို အကူအညီပေးရန်လည်း စိတ်ပိုင်းဖြတ်ထားပါတယ်။ အဲ့ဒီအတွက် ကြောင့် ဒီ ၂၀၁၇ခုနှစ် အတွက် ပညာသင်ဆု အရေအတွက်ကို ကျွန်တော်တို့ တိုးမြှင့်လိုက်ပါပြီ။ ဆုအရေအတွက် နှင့် ဆုတန်ဖိုးကို တိုးမြှင့်လိုက်ပြီး ကံစမ်းနိုင်တဲ့ Colgate သွားတိုက်ဆေး အမျိုးအစား ကိုလည်း ထပ်တိုးလိုက်တဲ့ အတွက်ကြောင့် Colgate ရဲ့ ဒီပညာသင်ဆု အစီအစဉ် အကြောင်း အရင်နှစ်ကထက် ပိုလူသိများပြီး မြန်မာကလေးတွေကို သူတို့ရဲ့ လုပ်နိုင်စွမ်းရည် အကောင်းဆုံးဖြစ်အောင် ကူညီရာမှာ ဒီပညာသင်ဆုဟာ ကောင်းတဲ့အကျိုးသက်ရောက်မှု တွေပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်” ဟုပြောကြားသွားခဲ့ပါသည်။
ကလေးများအတွက် ပညာရေးဆိုင်ရာ လိုအပ်ချက်များအား ကူညီထောက်ပံ့ပေးခြင်းသည် Colgate ၏ အဓိကကျသည့် လူမှုအကျိုးပြုလုပ်ငန်းဆိုင်ရာ သန္နိဋ္ဌာန်တစ်ခုဖြစ်ပြီး Colgate မှ ကမ္ဘာတစ်ဝှမ်းတွင် အမှန်တကယ် လိုအပ်လျက်ရှိသည့် ကလေးငယ်များကို ကူညီပံ့ပိုး ပေးခြင်း အစီအစဉ်များ၏ တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။ ကလေးများအတွက် နှစ်စဉ် လုပ်ဆောင်ပေးလျက်ရှိသည့် သွားနှင့်ခံတွင်း ကျန်းမာရေး၊ "တောက်ပသောအပြုံး တောက်ပသော အနာဂတ်များ" စသည့် အစီအစဉ်များ မှတဆင့် ယနေ့အချိန်အထိ ကလေးငယ်ပေါင်း သန်း ၈၀၀ ကျော်ကို အကူအညီပေးနိုင်ခဲ့ပြီး ဖြစ်သည်။

ယခုပညာသင်ဆု အစီအစဉ်တွင် ပညာသင်ဆု ဆွတ်ခူးရရှိသူများကို ၂၀၁၇ခုနှစ် သြဂုတ်လ ၃၁ရက်နေ့မတိုင်မီ ကြေညာပေး သွားမည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့ ထက် နောက်မကျဘဲ ဆုများအား ပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။ ယခုအစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက်လက်များကို သိရှိလိုပါက 01-2399300
(သို့) Colgate Myanmar Facebook စာမျက်နှာတွင် ၀င်ရောက်လေ့လာ နိုင်ပါသည်။

သတင်းနှင့်ဓာတ်ပုံ-Colgate Myanmar