The Belt and Road တက်ဟုန်း အပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲကို အမည်ပြောင်းခြင်းကြေညာစာ

The Belt and Road တက်ဟုန်း အပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲကို အမည်ပြောင်းခြင်းကြေညာစာ

Micro Film ပြိုင်ပွဲဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ချက်အရ ယခင်က“The Belt and Road တက်ဟုန်း အပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲ”သည် “ပိုးလမ်းမ ရုပ်ရှင်ပွဲတော်” ဒုတိယအကြိမ် တက်ဟုန်းအပြည်ပြည်ဆိုင်ရာMicro Film ပြိုင်ပွဲ အဖြစ် အမည်ပြောင်းရန် မှတ်ပုံတင်မည်ဖြစ်သည်။

“ပိုးလမ်းမရုပ်ရှင်ပွဲတော်” ဒုတိယအကြိမ် တက်ဟုန်း အပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲသည် The Belt and Road ပထမအကြိမ်တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲကို ဆက်တိုက်ကျင်းပပြုလုပ်သောလှုပ်ရှားမှုဖြစ်ပြီး တက်ဟုန်းပြည် နယ်ခွဲအနေဖြင့် တရုတ်နိုင်ငံ၏“The Belt and Road” အဆိုပြုချက်တွင်လက်ဦးမှုရှိရှိ ပါဝင်စွမ်းဆောင်မှုပြုနိုင်ရန်၊ တက်ဟုန်းပြည်နယ်ခွဲ၏ ပထဝီအားသာချက်နှင့်အရင်းအမြစ်များ ကိုအမှီသဟဲပြု၍ခေတ်သစ်သတင်းမီဒီယာစနစ်များဖြင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံ များနှင့် ယဉ်ကျေးမှုဖလှယ်ရန်၊ ယဉ်ကျေးမှုပေါင်းကူးတံတားဖြင့် သက်ဆိုင်ရာနိုင်ငံရှိပြည်သူ များအကြားခိုင်မြဲသည့် ချစ်ကြည်မှုနှင့် သံယောဇဉ်တည်ဆောက်နိုင်ရန်၊ ယဉ်ကျေးမှုဖလှယ်မှု ဖြင့်တရုတ်နိုင်ငံ၏ပုံရိပ်များကို မိတ်ဆက်မှုပြုနိုင်ရန်၊ ပိုးလမ်းမ၏ အောင်သီးအောင်ပွင့်များကို မျှဝေခံစားနိုင်ရန်၊နယ်စပ်ဒေသယဉ်ကျေးမှုစည်ပင်ဝပြောစေရန်၊“The Belt and Road” စီမံကိန်းတစ်လျှောက်ရှိ နိုင်ငံများနှင့်ပြည်သူများအကြား တစ်စိတ်တစ်ဝမ်းတည်းရှိလာစေရန်၊ တရုတ်နိုင်ငံနှင့် အိမ်နီးနားခြင်းနိုင်ငံများအကြား ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ယဉ်ကျေးမှုများ ရောယှက်၍ ခိုင်မာသည့် ပေါင်းကူးတံတားတစ်ခုဖြစ်လာစေရန်၊ တက်ဟုန်းပြည်နယ်ခွဲ၏ ပထဝီအားသာချက်ဖြင့်“The Belt and Road” စီမံကိန်းအတွက်အားသစ်လောင်းနိုင်ရန်၊ လူ စွမ်းအားနှင့် ယဉ်ကျေးမှုစွမ်းအားများပိုမိုကျယ်ပြန့်စွာ အကျိုးသက်ရောက်မှုရှိလာစေရန်အလို့ငှာ“ပိုးလမ်းမရုပ်ရှင်ပွဲတော်”ဒုတိယအကြိမ် တက်ဟုန်းအပြည်ပြည်ဆိုင်ရာMicro Film  ပြိုင်ပွဲကိုကျင်းပလိုက်ရခြင်းဖြစ်ပေသည်။

ဤကြေညာစာဖြင့်ကြေညာအပ်ပါသည်။

တရုတ်ကွန်မြူနစ်ပါတီတက်ဟုန်းပြည်နယ်ခွဲပါတီကော်မတီပြန်ကြားရေးဌာန
“ပိုးလမ်းမရုပ်ရှင်ပွဲတော်”
 ဒုတိယအကြိမ်တက်ဟုန်းအပြည်ပြည်ဆိုင်ရာMicro Filmပြိုင်ပွဲကျင်းပရေးကော်မတီ
၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့