“နိုင်ငံတော်စီမံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ရှီကျင့်ဖိန် ပြောကြားချက်များ”စာအုပ်သည် နိုင်ငံတော်ခေါင်းဆောင်များ ဆောင်ထားရမည့်စာအုပ်ဖြစ်သည်

“နိုင်ငံတော်စီမံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ရှီကျင့်ဖိန် ပြောကြားချက်များ”စာအုပ်သည် နိုင်ငံတော်ခေါင်းဆောင်များ ဆောင်ထားရမည့်စာအုပ်ဖြစ်သည်

။“နိုင်ငံတော်စီမံရေးနှင့် နိုင်ငံရေးအုပ်ချုပ်မှုဆိုင်ရာ ရှီကျင့်ဖိန်ပြော ကြားချက်များ” ဒုတိယပိုင်း   နိုင်ငံတကာ ပူးပေါင်းထုတ် ဖြန့်ချိရေး လက်မှတ်ရေးထိုးပွဲ ပေကျင်းမြို့တွင် ကျင်းပ။

မြန်မာနိုင်ငံအရာရှိ: တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ရေးအတွေ့ အကြုံသည် မြန်မာနိုင်ငံစီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင်ကူညီပေးနိုင်

ယခုနှစ်ပိုင်းတွင် “ တရုတ်အဆိုပြုချက် ”သည် တစ်ကမ်္ဘာလုံးစီမံခန့်ခွဲမှု အတွက်  အထောက်အပံ့ပိုမိုများပြား လာသည်။ ခေတ်သစ် တရုတ် ခေါင်းဆောင်များ ဥာဏ်ပညာကို  စုစည်းထုတ်လုပ်သည့် “နိုင်ငံတော် စီမံရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ရှီကျင့်ဖိန်ပြောကြားချက်များ” စာအုပ်သည် နိုင်ငံအချို့ ခေါင်းဆောင်မရှိမဖြစ် ဆောင်ထားရမည့် စာအုပ်ဖြစ်ရုံသာမက နိုင်ငံဖြတ်ကျော် ကုမ်္ပဏီအရာရှိနှင့် တရုတ်ပြည်ကိုအာရုံစိုက်သည့် နိုင်ငံ                   ခြားသားများ ဖတ်ရှုရမည့် စာအုပ်ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး၊  နိုင်ငံတစ်နိုင်ငံ၊ နှစ်ပေါင်းထောင်ချီ ယဉ်ကျေးမှု သိရှိနားလည်စေသည့် လေးနက်သော ပြတင်းပေါက် တစ်ခုဖွင့်လှစ်ပေးသကဲ့သို့ ဖြစ်သည်ဟု ဤစာအုပ်ကို  အမေရိကန် ပြည်နယ်အတွင်းရေးမှူးဟောင်း ကြည်ရှင်းကယ် ကသုံးသပ်ပြောဆိုသည်။

"နိုင်ငံတော်စီမံရေးနှင့် နိုင်ငံရေးအုပ်ချုပ်မှုဆိုင်ရာ ရှီကျင့်ဖိန်ပြော ကြားချက်များ”စာအုပ်သည် တစ်ကမ္ဘာလုံးကို ဆွဲဆောင်

စာအုပ်တစ်အုပ်သည် ပီရူး သမ္မတ စသည့်နိုင်ငံခေါင်းဆောင်များ ၏ရုံးသုံးစားပွဲပေါ် အမြဲထားရှိသည်။ တန်ဇန်းနီးယားအစိုးရပါတီနှင့် အစိုး ရအရာရှိ ဝန်ထမ်းတိုင်းတစ်အုပ် ဆောင်ထားသည်။ ဗီယက်နမ်နိုင်ငံ ရေးပုံနှိပ်ထုတ် ဦးစီးဌာနသည် ဝန်ကြီး များနှင့် ဦးစီး ရေးမှူးအဆင့်အရာရှိ ဝန်ထမ်းများအားလုံး ဤစာအုပ်ကို ဝေငှပေးထားသည်၊ ပြင်သစ်ဝန်ကြီး ပောာင်းသည် ဤစာအုပ်အတွက် မှတ်စုရှည်များရေးခဲ့၊  ကမ္ဘောဒီယား သမ္မတသည် လက်ကိုင်ဖုန်းနှင့် ဖတ် ရှုနိုင်ရန် အီလက်ထရောနစ်ဗားရှင်း လိုချင်သည်။ ဤစာအုပ်သည် ]နိုင်ငံ တော်စီမံရေးနှင့် နိုင်ငံရေးအုပ်ချုပ်မှု ဆိုင်ရာ ရှီကျင့်ဖိန် ပြောကြားချက် များ}ပင်ဖြစ်သည်။

ဆင်ဟွာသတင်းဌာန၏ ထုတ် ပြန်ချက်အရ ပြည်သူသာအဓိက ဖြစ် ရမည်ဟူသည်ကို စွဲကိုင်ထားသည်၊  ပါတီကိုတင်းကျပ်စွာ အုပ်ချုပ်ရေး သည် တရုတ်ကွန်မြူနစ်ပါတီစဉ်ဆက် မပြတ် စွဲကိုင်ထားသည့် အခြေခံ အကြောင်းတရားများ ဖြစ်သည်ဟု ပြည်ပပုဂ္ဂိုလ်များက မှတ်ယူသည်။ ဖွံ့ဖြိုးဆဲနိုင်ငံပါတီများအတွက် အရေး ကြီးသည့် ဗဟုသုတများ ရရှိနိုင် ကြောင်း သိရသည်။

သတင်းမီဒီယာများထုတ်ပြန် ချက်အရ ]နိုင်ငံတော် စီမံရေးနှင့်နိုင်ငံ ရေးအုပ်ချုပ်မှုဆိုင်ရာ ရှီကျင့်ဖိန်ပြော ကြားချက်များ} စာအုပ်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ဖြန့်ချိခဲ့ သည်။ ယင်းစာအုပ်တွင် ရှီကျင့်ဖိန်  တရုတ်ပြည်ကွန်မြူနစ်ပါတီ ၁၈ ကြိမ် မြောက်အစည်းအဝေးမှ ပြောကြား ချက်များကို ထည့်သွင်းထားသည်။ ဟောပြောချက် ၇၉ပုဒ်ရှိသည်။ ဤ စာအုပ်ကို အင်္ဂလိပ်ဘာသာ၊ ပြင်သစ် ဘာသာ၊ ရုရှားဘာသာ၊ စပိန်ဘာ သာ၊ ပေါ်တူဂီဘာသာစသည့် ဘာ သာ ၂၄ မျိုးဖြင့် ဘာသာပြန်ခဲ့သည်။ တစ်ကမ္ဘာလုံး ဖြန့်ချိခဲ့သည့် စာအုပ် ၆.၆သန်းကျော်ရှိရာ နိုင်ငံနှင့်ဒေသ များ ၁၆၀ ကျော်သို့ ဖြန့်ချိခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ]နိုင်ငံတော် စီမံရေးနှင့် နိုင်ငံရေးအုပ်ချုပ်မှုဆိုင်ရာရှီကျင့်ဖိန် ပြောကြားချက်များ}ဒုတိယအပိုင်းထုတ်ပြန်ခဲ့ပြီး၊ ရှီကျင့်ဖိန် ၂၀၁၄ ခုနှစ် သြဂုတ်လမှ  ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း မိန့် ခွန်းများနှင့် ပြောကြားချက်များ ၉၉ ပုဒ် စုစည်းတင်ပြထားသည်။ ယခု နှစ် ဖေဖော်ဝါရီလထိ တရုတ်နှင့် အင်္ဂလိပ်ဘာသာ၂ မျိုးကို  ဖြန့်ချိရာ တစ်ကမ္ဘာလုံး ၁၃ သန်းကျော် ဖတ်ရှု သည်ဟုသိရ သည်။

 (缅甸《金凤凰》中文报官方网站:www.mmgpmedia.com)

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးသည် တရုတ်ပြည်အတွေ့အကြုံများ  မှတ်သားယူဆောင်နိုင်

တရုတ်ပြည် ပြုပြင်ပြောင်းလဲ ရေးနှင့် တံခါးဖွင့်လှစ်ရေးပေါ်လစီအတွေ့အကြုံများသည် မြန်မာနိုင်ငံ စီးပွားရေးအတွက် လျင်မြန်စွာတိုး တက်ရန် ကူညီပံ့ပိုးပေးနိုင်ကြောင်း မြန်မာနိုင်ငံစီမံရေးနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနမှ လူငယ်ဝန်ထမ်းက ပြော ကြားသည်။

CNS သတင်းဌာန၏ သတင်း ထုတ်ပြန်ချက်အရ  ယင်းလူငယ်ဝန် ထမ်းသည် တရုတ်ကွမ်ရှီး လူငယ် အရာရှိမွမ်းမံသင်တန်းကို သွားရောက် ဖူးသည်။ တစ်လကြာသင်တန်းအတွင်း တရုတ်ပြုပြင်ပြောင်းလဲရေးနှင့် တံခါး ဖွင့်လှစ်ရေးကို သိရှိနားလည်ခဲ့သဖြင့် တရုတ်ပြုပြင်ပြောင်းလဲရေးနှင့် တံခါး ဖွင့်လှစ်ရေး  အတွေ့အကြုံများသည် မြန်မာနိုင်ငံအတွက် အထောက်အကူ ပြုနိုင်သည်ဟု သူယူဆသည်။ မြန်မာ နိုင်ငံပြုပြင်ပြောင်းလဲရေး ဆောင်ရွက် နေရာ မြန်မာနိုင်ငံသည် တရုတ်ပြည် ၏အတွေ့အကြုံများကို သင်ယူနိုင် သည်ဟု ယင်းဝန်ထမ်းက ပြောကြား ခဲ့သည်။

သူက - ကွမ်ရှီး စီးပွားရေးတိုး တက်မှုဇုန် တည်ဆောက်မှုအကြောင်း ကို နားလည် သဘောပေါက်ခဲ့တယ်။    မြန်မာနိုင်ငံသည်လည်း တရုတ်တည် ဆောက်မှုနည်းလမ်း လိုက်နာပြ်ီး စီးပွားရေးဇုန် စတင်တည်ဆောက်၍ တစ် နိုင်ငံလုံးစီးပွားရေးတိုးတက်ရန် တွန်းအားပေးနေဟု ပြောကြားသည်။

၎င်းအပြင် စာသင်ရာတွင် တရုတ်ဆင်းရဲမှု လျှော့ချရေးအတွေ့ အကြုံသင်ယူခဲ့၍ မြန်မာနိုင်ငံဆင်း ရဲနွမ်းပါးသူ အများအပြားရှိသဖြင့် တရုတ်ဆင်းရဲမှု လျှော့ချရေးအတွေ့ အကြုံများ မြန်မာနိုင်ငံအတွက်ကူညီ ပေးနိုင်သည်ဟု ထပ်မံပြောကြားသည်။

မြန်မာလူငယ်အများအပြား တရုတ်ပြည်သို့ သွားရောက်ပညာဆည်းပူးရန် မျှော်လင့်

ဒေါ်သန်းသန်းနုသည် မြန်မာ နိုင်ငံပထမဆုံးဝန်ကြီးချူပ်၏ သမီးဖြစ် သည်။ အသက် ၉ နှစ်တွင် ဖခင်နှင့် အတူ တရုတ်ပြည်သို့ သွားရောက် လည်ပတ်ခဲ့သည်။ ၂၀၁၄ ခုနှစ် တရုတ်ပြည်သို့ သွားရောက်လည် ပတ်စဉ်   ရှီကျင့်ဖိန်နှင့် တွေ့ဆုံခွင့် ရခဲ့သည်။ ၃ နှစ်အတွင်း ပြောင်းလဲမှု ကို ကျွန်မ ရှင်းရှင်းလင်းလင်းတွေ့ မြင်ခဲ့ရပြီး ပြည်သူများဘဝ အဆင့် အတန်းများ မြင့်မားလာသည်ဟု  ပြောကြားခဲ့သည်။

CRI သတင်းဌာန၏ သတင်း ထုတ်ပြန် ချက်အရ ဒေါ်သန်းသန်းနု သည် မြန်မာလူငယ် ထူးချွန်သူများ အား တရုတ်ပြည်သို့  သွားရောက် ပညာဆည်းပူးရန် အမြဲတမ်းအားပေး သည်။ တရုတ်ပြည်သည် စက်မှု ကဏ္ဍ၊ သိပံ္ပနှင့်နည်း ပညာကဏ္ဍ စသည့် ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက် နေသည်။ လူငယ်များအား တရုတ် ပြည်သို့ သွားရောက် ဆည်းပူးရန် ကျွန်မတို့ပါတီက မျှော်လင့်ပါသည်။ သူတို့အနာဂတ်အတွက် ပိုမိုကောင်း မွန်သည့် အခွင့်အရေးများ ဖန်တီးပေး နိုင်မည်ဟု သူမက ပြောကြားကြောင်း သိရပါသည်။

(本报道为缅甸《金凤凰》中文报独家编译报道,未经本报许可,不得转载、摘编)