တက်ဟုန်းပြည်နယ်ခွဲ နိုင်ငံတော်အခွန်အကောက်ဦးစီးဌာန--Tax business environment ပြုပြင်ပြောင်းလဲခြင်းသည် တရုတ်--မြန်မာစီးပွားရေးစင်္ကြန်အား ရင်းနှီးမြှပ်နှံမှုပို၍ အဆင်ပြေ

တက်ဟုန်းပြည်နယ်ခွဲ နိုင်ငံတော်အခွန်အကောက်ဦးစီးဌာန--Tax business environment ပြုပြင်ပြောင်းလဲခြင်းသည် တရုတ်--မြန်မာစီးပွားရေးစင်္ကြန်အား ရင်းနှီးမြှပ်နှံမှုပို၍ အဆင်ပြေ

ယနှစ် မေလတွင် တရုတ်နိုင်ငံသည် အခွန်လျှော့ခြင်းပေါ်လစီအသစ် ကျင့်သုံးခဲ့ရာ တက်ဟုန်းပြည်နယ်ခွဲရှိမြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံသူများအကျိုးရရှိခဲ့ပါသည်။ ထို့အတူ    တက်ဟုန်းပြည်နယ် ခွဲ နိုင်ငံတော်အခွန်အကောက်ဦးစီးဌာနသည် တရုတ်--မြန်မာဘာသာစကား အထူးပြတင်းပေါက်ဖွင့်လှစ်ခြင်း၊ စုပေါင်း၍အခွန်ဆောင်စနစ်၊ "အများဆုံးတစ်ခါပြေး" ရှင်းတမ်း စသည့် ဝန်ဆောင်မှုစနစ်များကျင့်သုံးပါသည်။ "ထွက်သွားခြင်း" သာမက" ဝင်ရောက်ခြင်း" ဖြစ်သော ရင်းနှီးမြှုပ်နှံမှုအလုပ်ဖန်တီးသူအမျှ "အတူတကွအခွန်ဆောင်စနစ်" ကိုခံစားနိုင်၍ တရုတ်--မြန်မာစီးပွားရေးစင်္ကြန်တည်ထောင်ရာမှာ ကောင်းမွန်သောပတ်ဝန်းကျင်ကို ဆောင်ရွက်ပေးနိုင်ပါသည်။

တက်ဟုန်းဟွယွင် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ တရားမမှုတွင် ပါဝင်ဆောင်ရွက်သူ ဒေါ်မြင့်မြင့်ဆွေက အခွန်လျှော့ခြင်းပေါ်လစီကြောင့် ကျွန်မတို့တရုတ်ပြည်တွင် ရင်းနှီးမြှပ်နှံ ကုန်ကျ စရိတ်လျှော့ချရပါသည်။ မေလတွင် အခွန်ငွေ ယွမ်  (၃) သောင်းလျှော့ခဲ့ရပါသည်။ ကျွန်မတို့ တက်ဟုန်းပြည်နယ်ခွဲ၌နေထိုင်ခြင်း၊ တိုးတက်ခြင်းပိုစိတ်ချရပါသည် ဟု ပြောပြခဲ့ပါသည်။

တက်ဟုန်းပြည်နယ်ခွဲ နိုင်ငံတော်အခွန်အကောက်ဦးစီးဌာန ရုံးအမှုထမ်း ဒေါ်ချန်ယချင်က၊ မြန်မာလုပ်ငန်းရှင်များသည်  တက်ဟုန်းတွင် ကျောက်မျက်ရတနာအရောင်းအဝယ် လုပ်များပါ သည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေးသည် ဤပြုပြင်ပြောင်းလဲမှုအချိန်ကာလ၌ အကျိုးရလဒ် အများဆုံးရရှိခဲ့ပါသည်။ ကျောက်မျက်ရတနာထူးခြားသောရောင်းဝယ်ရေးစနစ်ကြောင့် Value Added Tax ချိန်းကြိုး၏ပြည့်စုံမှုကို စောင့်ထိန်းခြင်းအခက်အခဲရှိပါသည်။

ဤပြုပြင်ပြောင်းလဲမှုသည် ကုမ္ပဏီတစ်နှစ် ရောင်းချငွေ ယွမ်သိန်း၅၀ အောက်သာရှိလျှင် Percentage charges ကို (၃%)  ဖျန်ဖြေပေးကာ ကျောက်မျက်ရတနာအရောင်းအဝယ် ပတ်ဝန်းကျင်သည် တော်တော်တိုးတက်ကောင်းမွန်လာပါသည်။

ဤပေါ်လစီကျင့်သုံးပြီးနောက် မြန်မာကျောက်မျက်ရတနာလုပ်ငန်းရှင်များ အဆင်ပြေသွားပါသည်။



“အလိုမရှိလျှင်မနှောင့်ဘူး၊အခွန်စွန့်စားမှုမရှိလျှင်မစစ်ဘူး။”ဆိုသည်ဟု တက်ဟုန်းပြည်နယ်ခွဲနိုင်ငံတော်အခွန်အကောက်ဦးစီးဌာနအခွန်ဆောင်ချိန် စည်းကမ်းတကျလုပ်သည့် ရည်မှန်းချက်ဖြစ်ပါသည်။ ရည်ရွယ်ချက်ဆိုသည်မှာဥပဒေသတ်မှတ်ချက်လိုက်နာမှုကိုစံကိုက်ကြောင်းနှင့် အခွန်ဆောင်သူများအတွက် များသောဝင်စွက်ခြင်းမလိုကြောင်းတို့ဖြစ်ပါသည်။ လက်ရှိချိန်တွင် မြန်မာပြည်တွင် အိမ်မွေးပိုးမျှင်ကောင်ကို မွေးမြူသည့် “ထွက်သွားခြင်း” တက်ဟုန်းကျန်ရှင်ရှီယေအစုစပ်ကုမ္ပဏီသည် အခွန်အကောက်ဦးစီးဌာန အုပ်ချုပ်မှု၏ပြောင်း လဲခြင်းအသစ်ကို တွေ့ရှိလာပါသည်။ “ရှေးအခါမှာ အခွန်အကောက်ဦးစီးဌာနက စွန့်စားခန့်မှန်းခြင်းခါတိုင်းစစ်ဆေးခဲ့တယ်။ ကျွန်တော်တို့အား မွှန်ထူစေတယ်။ လက်ရှိချိန် ဒီမျိုးစွန့်စားခန့် မှန်းခြင်းလျှော့နည်း သွားခဲ့တယ်။ ဒါပေမဲ့ အခွန်အကောက်ဦးစီးဌာနရဲ့ အကျိုးဆောင်မှုတွေ ပိုကောင်းလာတယ်။ သီးသန့်သောအဖွဲ့က ကျွန်တော်တို့အား ပြည်ပအခွန်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ရှင်းပြဖြေရှင်းခဲ့ပါသည်။ ညွှန်ပြချက်နှင့်ကူညီမှုကိုလည်းပေးအပ်ခဲ့ပါသည်။ ပြည်ပစွန့်စားမှုတော်တော်လျှော့ချခဲ့ပါသည်။” ဟုဘဏ္ဍတော်ရေးရာ စစ်ဆေးရေး အရာရှိချုပ် လီကြည်ရွှင်ပြောကြားခဲ့ပါသည်။ အခွန်ကောက်ဌာနစီမံခန့်ခွဲစနစ်ပြောင်းလဲမှုကြောင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြန်တည်ထောင်ရာနှင့် တရုတ်-မြန်မာနှစ်ဦးနှစ်ဘက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်သောအခြေအနေ ပျိုးထောင်ပေးပါသည်။

မောင်ယမ်နောင်စွန်သည် ရွှေလျစ်မြို့တွင် မြန်မာအလုပ်လုပ်သူတစ်ယောက်ဖြစ်ပါသည်။ သူသည် ကိုယ့်မော်တော်ကားဝယ်ပြီးနောက် အခွန်ဆောင်ခန်းမသို့ အခွန်ဆောင်သွားခဲ့သည်။ စဝင်သည့်အချိန် မြန်မာစကားဖြင့် လမ်းညွှန်အကျိုးဆောင်မှုရှိပါသည်။ ပေါ်လစီကို သီးသန့်ရှင်းပြသူလည်းရှိပါသည်။ ဇယားဖြည့်ခြင်းကိုလည်းကူညီပေးပါသည်။အခွန်ကောက်ကိစ္စများ တစ်ခါသာပြုလုပ်ခဲ့ပါသည်။ အသွားအပြန်လုပ်ခြင်းမလိုတော့ပါ။မြန်မာအခွန်ဆောင်သူများသည်“ချည်တစ်ချည်”၏ အခွန်ဆောင်အစီအစဉ်ကို ပိုမိုအဆင်ပြေသည်ဟုပြောပြပါသည်။ တရုတ်ပြည်တွင် ချောင်ချိသောပတ်ဝန်ကျင်နှင့်တည်ငြိမ်သောအလုပ်ရှိပါသည်။ ကျွန်တော်ကိုကူညီပေးနိုင်သောစိတ်ကောင်းလူများလည်းရှိပါသည်။ ကျွန်တော်သည် တရုတ်ပြည် တွင်နေထိုင်ခြင်း အဆင်ပြေပါသည်။” ဟုယမ်နောင်စွန်ပြောကြားခဲ့ပါသည်။ အခွန်အကောက်ဦးစီးဌာနသည် အခွန်ဆောင်ခြင်းဖြင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်တည်ထောင်ခြင်းတွင် ပြည် သူပြည်သားအချင်းချင်းဆက်ဆံနိုင်သောတံတားကိုတည်ထောင်ပါသည်။