Deprecated: Methods with the same name as their class will not be constructors in a future version of PHP; plgSystemkSecure has a deprecated constructor in /home/goldenphoenix/public_html/plugins/system/ksecure/ksecure.php on line 12
အိမ်ခြံမြေအရောင်းအ၀ယ် ဘာကြောင့် ကျဆင်းနေတာလဲ

အိမ်ခြံမြေအရောင်းအ၀ယ် ဘာကြောင့် ကျဆင်းနေတာလဲ

အိမ်ခြံမြေအရောင်းအ၀ယ် ဘာကြောင့် ကျဆင်းနေတာလဲ

လက်ရှိမှာ အိမ်ခြံမြေဈေးကွက်အနေအထားက အကျဘက်ကို ဦးတည်နေပါတယ်။ တော်တော်များများက အရောင်းထက်စာရင် အငှားနဲ့ပဲ ရပ်တည်နေကြရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီဆိုရင် တစ်လကို ပွဲနှစ်ဆယ် လောက်ပဲ ပျမ်းမျှဖြစ်ပါတယ်။ ဒီပွဲနှစ်ဆယ်လောက်မှာမှ အရောင်းက ငါးပွဲ၊ ခြောက်ပွဲလောက်ပဲပါပြီး ကျန်တာ တွေက အငှားတွေ ဖြစ်နေပါတယ်။

အိမ်ခြံမြေမှာ ကွန်ဒိုမီနီယမ်စစ်စစ်ပါလို့ လက်ညှိုးထိုးပြစရာ အဆောက်အအုံမရှိသ၍ကတော့ နိုင်ငံခြား သားက ၀ယ်မှာမဟုတ်ဘဲ ငှားပဲငှားနေမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ၀ိတ်လျော့တဲ့ သဘောပါ။ လူတစ်ယောက်က လက်ရှိ သိန်း ၂၀ နဲ့ ငှားနေရာကနေ အခုထက်ပိုကောင်းတဲ့ အခြားအိမ်တစ်လုံးက ၁၅ သိန်းပဲပေးရတယ်ဆိုရင် ၀ိတ်လျော့တဲ့ သဘောနဲ့ အငှားဈေးကွက်က ဖြစ်ထွန်းလာပါတယ်။ ဈေးကွက်ရဲ့ သဘောသဘာဝအရ ကျချိန်တန်လို့ ကျလာတာဖြစ်ပါတယ်။

လက်ရှိမှာ အိမ်ခြံမြေဈေးကွက်က အရောင်းအ၀ယ်ဖြစ်လားဆိုရင်တော့ ရန်ကုန်စည်ပင်သာယာနယ်န မိတ်ထဲမှာရှိတဲ့ မြို့နယ်တွေမှာတော့ အရောင်းအ၀ယ်တွေက ဖြစ်ပါတယ်။ ဒါပေမဲ့ အခုဖြစ်နေတဲ့ အရောင်းတွေ က လွန်ခဲ့တဲ့ ၂၀၁၂ ၊ ၁၃ ခုနှစ်လောက်မှာ ဘယ်လိုမှမရနိုင်တဲ့ ဈေးတွေနဲ့ အရောင်းအ၀ယ်ဖြစ်နေတာပါ။ ဒါကြောင့်လည်း ရောင်းသူက မရောင်းရင် မဖြစ်တဲ့ အနေအထားမျိုးရှိနေတဲ့ မြေကွက်တွေ၊ တိုက်ခန်းတွေ၊ ကွန်ဒိုတွေလောက်ပဲ အရောင်းအ၀ယ်တည့်နေပါတယ်။ ပိုင်ဆိုင်မှုတွေ တအားများပြီး မရောင်းလည်း ဘာမှ မဖြစ်တဲ့ လူတွေက ဈေးချမရောင်းတဲ့အခါကျတော့ အရောင်းအ၀ယ်မတည့်ဘူးဖြစ်နေပါတယ်။ ဈေးကွက်အနေ အထားကို အမှန်အတိုင်းသုံးသပ်မယ်ဆိုရင် အရောင်းအ၀ယ်မဖြစ်တာမဟုတ်ဘူး။

ဆိုင်တာတွေတော့များ တယ်။ သို့သော်ဈေးတွေ ကွာဟမှုဖြစ်နေတဲ့အတွက် ၀ယ်သူဈေးမပေးတဲ့အတွက် ပျက်တဲ့ပွဲကပိုများနေပါတယ်။ ဥပမာ ဒဂုံဆိပ်ကမ်းလို မြို့နယ်တွေဆိုရင် ၂၀၁၂ ခုနှစ်လောက်က သိန်းလေးထောင် ပေးလို့တောင် မရောင်းခဲ့တဲ့ မြေကွက်တွေက သိန်းနှစ်ထောင်လောက်နဲ့တောင်မှ ချရောင်းလာတဲ့ အနေအထားမျိုးတွေ ဖြစ် နေပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ တည်ငြိမ်တဲ့ ဥပဒေရှိတဲ့အချိန်၊ တိုင်းပြည်စီးပွားရေး ကောင်းလာ တဲ့အချိန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံထဲဝင်လာတဲ့အချိန်မှာ ပြန်ပြီးဦးမော့လာမှာပါလို့ ဇလပ်ပွင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်အောင်က House.com.mm ကို ပြောပါတယ်။

လက်ရှိမှာ အိမ်ခြံမြေဈေးနှုန်းတွေက တအားကို ကျဆင်းနေပါတယ်။ အစိုးရရဲ့ ပေါ်လစီတွေက မြန်မာနိုင်ငံအိမ်ခြံမြေကဏ္ဍတိုးတက်ဖွံ့ဖြိုးဖို့အတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်မယ့် အချက်တစ်ချက် ဖြစ်တယ်လို့ မြင်ပါတယ်လို့ House.com.mm ရဲ့ Cofunder and Managing Director ဖြစ်သူ Nitesh Khirwal က ပြောပါတယ်။

ကွန်ဒိုမီနီယမ်ဥပဒေထွက်ရှိလာပြီးနောက်မှာတော့ နိုင်ငံခြားသားတွေလည်း ၀ယ်ယူ ရင်းနှီးမြှုပ်နှံခွင့်ရှိလာမှာဖြစ်တဲ့အတွက် ဈေးကွက်ကတော့ အားကောင်းလာမယ့် အနေအထားမှာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ကလည်း အရင်ကနဲ့စာရင် တအားကြီးအေးနေပြီး ဈေးနှုန်းကလည်း ကျဆင်း နေပါတယ်။ ကွန်ဒိုမီနီယမ်ဥပဒေဟာ အိမ်ခြံမြေဈေးကွက် အပြောင်းအလဲဖြစ်စေဖို့အတွက် တွန်းအားတစ်ခုဖြစ် စေလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

(House.com.mm)