မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး EDM ဂီတပွဲတော်ကြီးTogether Festival Yangon 2017 ကို ဧပြီလကုန်တွင် နှစ်ရက်တိုင်ကျင်းပမည်

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး EDM ဂီတပွဲတော်ကြီးTogether Festival Yangon 2017 ကို ဧပြီလကုန်တွင် နှစ်ရက်တိုင်ကျင်းပမည်

ရွှေဇာမဏီ ဧပြီ ၂၆ ရန်ကုန်

ကမ္ဘာ့အကောင်းဆုံး DJs တွေရယ်, သူငယ်ချင်း ravers တွေနဲ့အတူတူ Yangon Summer ကိုပျော်ရွှင်စွာ နှုတ်ဆက်ဖို့ Together Festival Yangon 2017 ရဲ့သုံးကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး EDM(Electronic Dance Music Festival) ဂီတပွဲတော်ကြီး ဧပြီလ ၂၉ရက်နှင့်၃၀ရက်နေ့များတွင် သုဝဏ္ဏဘူမိကွင်း(Thuwanabumi Event Park) မှာ နှစ်ရက်တိုင်တိုင် ကြီးကျယ်ခမ်းနားစွာကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံက EDM ချစ်သူများ မျှော်လင့်စောင့်စားနေတဲ့ ကမ္ဘာ့အဆင့်13 ဖြစ်တဲ့ W&W နဲ့ 28 ရရှိထားတဲ့ Marshmello တို့က Headliners များအဖြစ် ဦးဆောင်ပါဝင်လာမှာ ဖြစ်ကြောင်းသိရပါတယ်။ ထို့အပြင် Borgeous, Lost Frequencies, Ookay, Party Favor, Sick Individuals, What So Not အစရှိတဲ့ ကမ္ဘာကျော် DJ များလည်းပါဝင်ဖျော်ဖြေသွားမှာပါ။

ကမ္ဘာကျော် DJများသာမက မြန်မာနိုင်ငံရဲ့အမိုက်ဆုံး DJs များဖြစ်ကြတဲ့ AJOHN, BG, Biggy X Hane, Dynamite, Fred, The Bugbears တို့ကလည်း LocalPower Lineup မှာပါရှိလာမှာ ဖြစ်ပါတယ်။

Together Festival Yangon 2017 ကို Thingyan Music Festival (TMF) နှင့် 808 Festival Yangon တို့ကို ကြီးမှူးကျင်းပတဲ့ H-Life Entertainment မှ ပြည်တွင်းပြည်ပ အတတ်ပညာရှင်များစွာတို့နှင့် ပူးပေါင်းပြီး တင်ဆက်သွားမှာဖြစ်ပါတယ်။

ဂီတပွဲတော်ရဲ့ တစ်ရက်စာ ကြိုတင်လက်မှတ်များကို FUSE၊ H-Life Tickets Counter၊ Cherry Chapter Myanmar၊ Ice Cream Barတို့တွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး အွန်လိုင်းမှမှာယူလိုသူများအနေဖြင့် Myanmar Raver Gyi EDM Ticketing Service၊ Our EDM Ticketing Services၊ Rave Republic of Myanmar၊ Shop.com.mm၊ YayPanSar.com.mmတို့တွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရပါသည်။ လက်မှတ်ဈေးနှုန်းမှာ ၅၀၀၀၀မှ စ၍ဝယ်ယူနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက H-Life Entertainment 09 45000 3558တို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလဲသိရပါသည်။

ဓာတ်ပုံ-Together Festival Yangon