Deprecated: Methods with the same name as their class will not be constructors in a future version of PHP; plgSystemkSecure has a deprecated constructor in /home/goldenphoenix/public_html/plugins/system/ksecure/ksecure.php on line 12
ဧပြီလ ၂၈ရက်နေ့တွင် ရုံတင်ပြသတော့မည့် ခေါက်ထီးလေးမလုံ့တလုံ

ဧပြီလ ၂၈ရက်နေ့တွင် ရုံတင်ပြသတော့မည့် ခေါက်ထီးလေးမလုံ့တလုံ

ဧပြီလ ၂၈ရက်နေ့တွင် ရုံတင်ပြသတော့မည့် ခေါက်ထီးလေးမလုံ့တလုံ

ရွှေဇာမဏီ  ဧပြီ ၂၄ ရန်ကုန်

သင်္ကေတ ရုပ်ရှင်နှင့်ဗွီဒီယိုထုတ်လုပ်ရေး၏ သင်္ကေတအဖွဲ့မှ စီစဉ်တင်ဆက်သော ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ပြည့်တန်ဆာဖြစ်သွားခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ “ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၂၈ရက်နေ့တွင် စတင်ရုံတင်ပြသတော့မည်ဖြစ်သည်။

ထိုဇာတ်ကားကြီးကို ဝတ္တု စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားပြီး ဒါရိုက်တာ မီးပွားရိုက်ကူးတင်ဆက်ပုံဖော်ထားပြီး သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ စိုးပြည့်သဇင်နဲ့ အေးမြတ်သူ၊ သတ္တိ၊ အကယ်ဒမီရန်အောင်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ မင်းဦးနဲ့ အနုပညာရှင်များစွာတို့က အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။

ထို ဇာတ်ကား၏ဝတ္တုမှာ လွန်ခဲ့တဲ့နှစ်လေးဆယ်က ရေးသားခဲ့တဲ့ စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)ရဲ့ နာမည်ကြီး ဝတ္တုတစ်ပုဒ်ဖြစ်ပြီး မြန်မာဘာသာကနေ ဂျပန်ဘာသာသို့ ရေးသားဖော်ပြခံခဲ့ရတဲ့ ဝတ္တုတစ်ပုဒ်လည်းဖြစ်ပါတယ်။ မိန်းကလေးများ သင်ခန်းစာရရှိနိုင်မည့် ပညာပေးဇာတ်ကားတစ်ကားလဲဖြစ်သည်။ ခေါက်ထီးလေးမလုံ့တလုံ ရုပ်ရှင်ဇာတ်ကားအထူးပွဲကို ဧပြီ ၂၃ရက်နေ့ မနက် ၇နာရီခွဲက သမ္မတရုပ်ရှင်ရုံ မှာ ပြုလုပ်ခဲ့ပါတယ်။

မိန်းကလေးတစ်ယောက်က စိတ်ခံစားမှုကို ဦးစားပေးခဲ့ရင် ကိုယ့်ရဲ့ဆင်ခြင်တုံတရားကို ဆုံးဖြတ်တဲ့နေရာမှာ ဥာဏ်နည်းပြီး အသိပညာမရှိဘဲ ဖြစ်ပေါ်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝရဲ့အမှားလေးတွေကို ပုံဖော်ရိုက်ကူးထားပါတယ်ဟု ထိုဇာတ်ကားတွင် ကြွေ ဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ထားသော အေးမြတ်သူက ပြောသည်။

ဓာတ်ပုံ-အင်တာနက်